ဝါရှင်တန်ကိုရောက်တော့ ၁၀ နာရီ ထိုးနေပြီ..... နှီးနှောဖလှယ်ပွဲက (၁၃း၀၀)နာရီ.... နေ့လည်တစ်နာရီပေါ့
ဌာနမှူးကို ဖုန်းဆက်လိုက်တော့ ဟိုတယ် အ၀င်အ၀မှာ စောင့်နေတယ်တဲ့.....။ တစ်လမ်းလုံး မင်းသမီးရဲ့ ခရီးဆောင်သေတ္တာ
စစ်ဆေးမှုကို စောင့်ကြည့်လာခဲ့တယ်.... သူတို့ စီစဉ်ထားတဲ့အတိုင်းပါပဲ....။ ဘယ်သူမှ သတိမထားမိကြဘူး.... တစ်ချို့ နေရာ
တွေမှာတော့ မိုင်းရှာစက်တွေကို အတွင်းလူတွေနဲ့ ဖြတ်သန်းခဲ့တယ် ထင်ရတယ်...။ သေတ္တာမှာကပ်ထားတဲ့ ဟော်လိုဂရမ်လုံခြုံ
ရေးစစ်ဆေးပြီးကြောင်း အမှတ်အသားလေးကိုလည်း မှတ်ပုံတင်မဲ့ ကပ်ပေးလိုက်ကြတယ်.....။ သေနတ်သယ်ယူလာတဲ့ အဖွဲ့ရဲ့
ကြီးမားလှတဲ့ မျက်ကွယ် အင်အားတစ်ရပ်ကိုလည်း သတိထားမိခဲ့တယ် ဘာမဆို ထိုးဖောက် သယ်ယူနိုင်တယ်ဆိုတာကိုပေါ့..။
ကျွန်တော်နဲ့ မင်းသမီးကတော့ အိမ်မှာ မူလစီစဉ်ခဲ့တဲ့ အတိုင်း လေဆိပ်ကိုရောက်ကတည်းက ကိုယ့် အစီ
အစဉ်နဲ့ကိုယ် ခွဲပြီးလာကြတာလေ.... မင်းသမီးက ဒရက်စ်တွေအတွက် လက်ဆွဲသားရေ သေတ္တာနှစ်လုံးသယ်လာရတယ်။
ဝါရှင်တန် ဒီစီ ရဲ့ Royal Star ဟိုတယ်က အမှတ်(၁၄) လမ်းမကြီးအတိုင်း ပင်တာဂွန် စစ်ဌာနချုပ်ရှိရာကို
သွားရောက်နိုင်တဲ့ Rochambeau Menorial Bridge တံတားရဲ့ ဒီဘက်ထိပ် ဂေါက်ကလပ်ဘေးမှာပါပဲ..... လုံခြုံရေးဗဟိုပြု
ရာအရပ်တွေပဲပေါ့..... ဒီလိုနေရာမျိုးမှာတောင် တစ်ဘက်အဖွဲ့ရဲ့ အတွင်းလူတွေကို ထည့်ထားနိုင်တာက တော်တော် အံ့သြ စ
ရာပါပဲ.....။
ဟိုတယ် အ၀ကိုရောက်တော့.... ဌာနမှူးက ကြိုစောင့်နေတယ်... သာမန် ဥရောပ ၀တ်စုံ သန့်သန့်လေးကို
ဝတ်ထားတဲ့ ဌာနမှူးရဲ့ ရင်ဘတ်မှာတော့.ဟိုတယ်ရဲ့ ကြိုဆိုရေးအရာရှိ ( GRO ) တံဆိပ်ကလေးကို တတ်ထားတယ်၊ ကျွန်တော့်
ရင်ဘတ်မှာ.... သတင်းထောက် တံဆိပ်လေး တတ်ပေးပြီး လည်ပင်းမှာ ကင်မရာ အကြီးတစ်လုံးကိုဆွဲပေးတယ်...။ `` ဘယ်
နေရာမဆို ၀င်/ထွက်ခွင့်ရအောင် စီမံပေးထားတယ်...´´တဲ့၊ ပြီးတော့ နားကျပ်ကလေး တစ်ဘက်လည်း လာတတ်ပေးတယ်.....၊
ခလုပ်လေးကို ဒီအတိုင်းထားရင် သူရယ်... ကျွန်တော်ရယ်... ရုံးချုပ်ရယ် ဆက်သွယ်ပြောဆိုနိုင်ပြီး၊ လိုင်း-၁ လို့ ခေါ်တယ်ဆိုတဲ့
အကြာင်း၊ ခလုပ်ကလေးကို အပေါ်ကို ရွှေ့ လိုက်တာနဲ့ ဟိုတယ်အတွင်းမှာရှိတဲ့ လုံခြုံရေး ၀န်ထမ်းတွေရော၊ အပြင်စည်း(၁)က
ဧဂျင့်တွေကိုပါ ဆက်သွယ်နိုင်မဲ့ လိုင်း-၂ဖြစ်ကြောင်း...၊ ကျွန်တော့် အမည်ဝှက်က NSC- 2 ဖြစ်ကြောင်း....၊ လိုင်း(၁)မှာပဲအလုပ်
လုပ်ဖို့နဲ့ လိုင်း-၂ကို ဆက်သွယ်ရင် သူ အရင် ဆက်သွယ်မယ်ဆိုတဲ့အကြောင်း တိုးတိုးလေး ကပ်ပြောသွားတယ်....။
မင်းသမီးက..... အ၀တ်လဲခန်းနဲ့ ခေတ္တနားနေခန်းအဖြစ်ပေးထားတဲ့ အစည်းအဝေးခန်းမရဲ့ ကျောဘက်က
အခန်းထဲ ၀င်သွားတော့ ကျွန်တော်လည်း သူ့အခန်းကို လှမ်းမြင်နေရတဲ့ Coffee Bar ထဲကိုဝင်ပြီး ကော်ဖီတစ်ခွက်မှာသောက်
နေလိုက်တယ်... တကယ်တော့ ဒီဧရိယာက Insurgent Area ပါပဲ...၊ လုံခြုံရေး စစ်ဆေးပြီးသား.. အတွင်းခန်း ၀င်ရောက်ခွင့်
ရတဲ့ သူတွေသာ လာရောက်ခွင့်ရှိတဲ့နေရာပေါ့.... ယူနီဖောင်းဝတ် လုံခြုံရေးတွေကလည်း အပြည့်.. ဒီကြားထဲမှာ ဘာလက်ကိုင်
ပစ္စည်းတစ်ခုမှ မကိုင်ပဲ ဥရောပ ၀တ်စုံကျကျနန ၀တ်ထားတဲ့ ဧဂျင့်တွေကလည်း ယူနီဖောင်းဝတ်လုံခြုံရေး အရည်အတွက်ထက်
မလျော့ဘူး...၊ ဒီဧရိယာတစ်ဝိုက်ကိုတော့ ဟိုတယ်ရဲ့ သန့်ရှင်းရေးရော...၊ ဘွိုင်ရော..၊ သာမန်ဝန်ထမ်းတွေရော အားလုံးနီးပါးကို
ဖြတ်သန်းခွင့် ပိတ်ထားတယ်။
CCTV ကင်မရာတွေကလည်း ထောင့်တိုင်းမှာ တတ်ဆင်ထားတယ်...၊ ကျွန်တော် ထိုင်နေတာကိုရော..
မင်းသမီးရယ်၊ ဒေါ်လီရယ်၊ မိတ်ကပ်ဆရာနဲ့ ဒီဇိုင်နာတွေ အခန်းထဲ ၀င်သွားတာကိုရော တစ်နေရာကနေသူတို့ စောင့်ကြည့် နေ
ကြမှာပါ....။
အခမ်းအနား မစတင်မီ ဖျော်ဖြေရေး အစီအစဉ်မှာတော့ နံမယ်ကြီး အဆိုတော်တွေအလှည့်ကျ ဖျော်ဖြေ
နေကြပြီ အစီအစဉ်ထဲမှာတော့ ပထမတစ်ယောက်ရဲ့သီချင်း ဖျော်ဖြေတင်ဆက်မှုက (၇)မိနစ်၊ နောက်တစ်ယောက်က (၄)မိနစ်ခွဲ
အစီအစဉ်ကြေငြာသူရဲ့ စကားပြောချိန်နဲ့ ပေါင်းရင် မင်းသမီးက နောက်(၁၀)မိနစ်ဆိုရင် စတိတ်ခုံရဲ့ အနောက်မှာနေရာယူရတော့
မယ်...။ သူ ထွက်သွားရင်လည်း ကျွန်တော်က ကိုယ့်အ စီအစဉ်အတိုင်း အခန်းကို စောင့်ကြည့်နေယုံပေါ့....။ ထူးခြားမှု ရှိခဲ့ရင်
ဌာနမှူးကို ဆက်သွယ်ပြောလိုက်ရမယ်....။ ထူးခြားမှုကတော့ အသေအချာကို ရှိလာမှာပါ.....။
`` ဟဲလို... ဆမ်.... ကြားလား...´´ ရုတ်တရက် နားကျပ်မှာ ဌာနမှူးရဲ့ အသံမြည်လာတယ်....။
`` ဟုတ်.. ကြားတယ် ဆရာ... ´´
`` အေးအေး.... မင်း အီတာတို့ မ၀င်ခင် ခန်းမထဲအရင်ဝင်ထား....၊ စတိတ်နားမှာ ကြိုစောင့်နေ... အခန်း
ကို ငါ နှစ်ယောက် စောင့်ကြည့်ခိုင်းထားလိုက်ပြီ......။ ကင်မရာတွေလည်း ရှိတယ်...။ ဒုတိယထပ်က ထိန်းချုပ်ခန်းနားမှာငါ
ရှိနေမယ်.... မင်း ခန်းမထဲမှာ မသင်္ကာစရာတွေကို သေချာကြည့်ထား....။ အယောင်ဆောင်ဝင်ပြီး မထင်မှတ်တဲ့ ပစ်ခတ်မှုလုပ်
မယ်လို့ ဗဟိုကလည်း သတင်းရထားတယ်... လုံးဝမပေါ့ပါနဲ့...´´
`` ဟုတ်.... ဒါနဲ့ ဆရာ ကျွန်တော်တို့ဆီက ဘယ်သူတွေ ပါသေးလဲ....´´
`` ဒီမှာ ဘယ်သူမှ မပါဘူး..၊ အပြင်စည်း(၂)မှာ ကိုယ်ယောင်ဖျောက်ထားတဲ့ငါတို့အဖွဲ့ (၃)ယောက်ရှိတယ်
အရေးပေါ်အခြေအနေမှာ All NSC လို့ ခေါ်လိုက်....´´
`` ဟုတ်....´´
ဆရာ ပြောပြီးတာနဲ့ ကွန်ပြူတာမှာ ခရက်ဒစ်ကဒ်နဲ့ ကော်ဖီဖိုး ရှင်းပေးပြီး ကင်မရာလွယ်ရင်း ထလာခဲ့
တယ်...။ မသေချာတာ တစ်ခုကတော့ သတင်းထောက်တစ်ယောက်မှာ ကင်မရာနဲ့ ကင်မရာထည့်တဲ့ အိတ်တစ်လုံးပဲပါလာတယ်၊
အခမ်းအနားတက်တာလည်း နောက်ကျနေပြီ၊ လုပ်ငန်းစဉ်အရသတင်းထောက်ဆိုတာ နောက်ကျလို့ မရဘူးလေ၊ ကြည့်တတ်တဲ့
သူဆိုရင်တော့ အတုဆိုတာကို မြင်နိုင်ပါတယ်။ ဒါပေမဲ့လည်း တာဝန်ထမ်းဆောင်ရာမှာတော့ ဒီလိုပဲ ကြည့်လုပ်ရတာပါပဲ...၊ ဖြစ်
သင့်တာထက် ရည်မှန်းချက် အောင်မြင်အောင်ပဲ ကြိုးစားလုပ်ဆောင်နေရတော့.နည်းဗျူဟာအရ မှားယွင်းနေပါစေ မဟာဗျူဟာ
အရ အောင်မြင်ရင် လုပ်ငန်းအောင်မြင်တာပါပဲ....။
ကျွန်တော် ခန်းမထဲဝင်တော့ လုံခြုံရေးက ရင်ဘတ်ကတံဆိပ်ကိုသေသေချာချာ စစ်ဆေးတယ်၊ ပြီးတော့
List နဲ့ တိုက်ဆိုင်စစ်ဆေးတယ်...။ နောက်တစ်ယောက်က မိုင်းရှာစက်နဲ့ ရောက်လာတဲ့အခါ ကင်မရာနဲ့ ကင်မရာအိတ်ကို လက်
တစ်ဘက်စီမှာ ကိုင်မြှောက်ရင်း အစစ်ဆေးခံရတယ်..။ ခြေထောက်ကနေစပြီး စစ်ဆေးရာမှာ ခါးနားရောက်လာတော့ ထိတ်ကနဲ
ဖြစ်သွားတယ်.... ကျွန်တော် သေနတ်(၂)လက်ကို ခါးမှာတစ်လက် ချိုင်းထဲမှာတစ်လက် ထည့်ယူလာခဲ့တယ်လေ...။ စက်က ခါး
နားအရောက်မှာ စစ်ဆေးနေတဲ့ လုံခြုံရေးက တစ်ချက် မော့ကြည့်ပြီး ခလုပ်ကို လက်မလေးနဲ့ အသာလေး ပိတ်လိုက်တယ်...၊
ပြီးတော့ ပုံမပျက် ဆက်စစ်ဆေးတယ်၊ ချိုင်းနားရောက်တော့လည်း ခလုပ်ပိတ်လျှက် သေနတ်ကို တို့ထိသွားသေးတယ်..။ သူသိ
တယ်ဆိုတဲ့ သဘောပေါ့....။
စစ်ဆေးမှုပြီးတော့ ပုံမပျက် အခန်းထဲ ၀င်လာခဲ့တယ်....။ တက်ရောက်သူက စုစုပေါင်း (၆၀)လောက်ရှိ
တယ်...၊ ဖျော်ဖြေရေး အစီအစဉ်တွေပြီးရင် ဧည့်သည်တော်တွေက နေ့လည်စာစားကြမယ် ၊ ပြီးမှသီးသန့် အစည်းအဝေးခန်းမမှာ
ဆွေးနွေးကြမှာ.....။ ဒီဆွေးနွေးပွဲမှာ အဓိက ရေနံထုတ်လုပ်မှုနဲ့ ရေနံဈေးနှုန်း....၊ စားနပ်ရိက္ခာ ထောက်ပံ့မှုနဲ့ အခြား ကုန်သွယ်မှု
မူဝါဒတွေကို ဆွေးနွေးကြမယ်တဲ့.....။ စီးပွါးရေးအရ လက်ဝါးကြီးလုပ်ထားတဲ့ ဈေးကွက်တွေနဲ့ တက်သစ်စ ထုတ်ကုန်နိုင်ငံတွေရဲ့
အားပြိုင်မှုနဲ့ ကမ္ဘာ့ စီးပွါးရေး ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကြီးလည်း ဖြစ်တယ်လို့.... သိရတယ်၊ အားလုံးတန်းတူ အခွင့်အရေး
ရခဲ့ရင်တော့ ဆင်းရဲတဲ့ ကျွန်တော်တို့လို နိုင်ငံလေးတွေအတွက် ၀မ်းမြောက်စရာပဲပေါ့.....။
ဖျော်ဖြေရေး အစီအစဉ်ပြသနေတော့.. စတိတ်ရဲ့ ဘယ်ဘက်ထောင့်ကနေ သတင်းထောက်တစ်ယောက်
က ပုခုံးထမ်း ကင်မရာတစ်လုံးနဲ့ ဧည့်သည်တော်တွေဘက်ကို ရိုက်နေတယ်....။ကျွန်တော်ကြည့်နေတာ (၁၀)မိနစ်လောက်ရှိနေပြီ
အီတာလည်း သီချင်းဆိုနေပြီ....။ အီတာကို မရိုက်ပဲနဲ့ ဧည့်သည်တော် ပရိသတ်ကိုပဲ တောက်လျှောက် ရိုက်နေတယ်....၊ အီတာ
သရုပ်ဖော် တင်ဆက်မှုတွေကလည်း ကောင်းမှကောင်း ပရိသတ်တွေရဲ့ လက်ခုပ်သံတွေကလည်း တဖြောင်းဖြောင်း ကလေးငယ်
သရုပ်ဆောင်တွေကလည်း (၃၀)နီးပါးလောက်ရှိမယ်.... မီးရောင်စုံနဲ့ ပြင်ဆင်ထားတဲ့ အခမ်းအနားရယ်၊ ပီပြင်လှတဲ့ သရုပ်ဆောင်
သီဆိုမှုတွေက အီတာကို နတ်သမီးလေး ဖြစ်နေစေတာပဲပေါ့....။
ကလေးများရံပုံငွေအဖွဲ့ရဲ့ မူပိုင်ထုတ်လုပ်ခွင့်အရ.... ဒီနေ့ဖျော်ဖြေတဲ့
Lives Show ခွေကို ကမ္ဘာကိုဖြန့်မှာ
ဒါကြောင့် ဒီသီချင်းခွေမှာ ပါဝင်နိုင်တဲ့ ဇာတ်ဝင်ခန်းတွေကို တခြားသတင်းထောက်တွေက သတင်းယူခွင့်ပဲရှိပြီး ထုတ်လုပ်ဖြန့်ချိခွင့်
မရှိဘူး...၊ သတင်းအဖြစ်ပဲ ဖော်ပြခွင့်ရှိပြီး ကြောင်ငြာ သဘောတောင် ဖော်ပြလို့ မရဘူး....၊ သတင်းယူတာဆိုရင်လည်း သာမန်
အားဖြင့် ဧည့်သည်တော်ပရိသတ်တွေကို စိတ်ကြိုက် တစ်ကွက်နှစ်ကွက်လောက်ရိုက်ပြီးရင် ဆက်ရိုက်စရာမလိုတော့ဘူးလေ၊ အခု
ဒီသတင်းထောက်က..... ဖြတ်ကနဲသတိထားမိရာကနေ သူ့ရဲ့ ကင်မရာကို သေသေချာချာ ကြည့်မိတော့ ချိန်ပေါက်က ပုံမှန်မဟုတ်
ပဲနဲ့ နှစ်ထက်ဖြစ်နေတယ်.... အပေါ်မှာ ချိန်ပေါက် အသေးတစ်ခု ထပ်ပါနေတာပဲ... မြင်ဘူးသလိုရှိလို့ အနားတိုးပြီး မြင်သာအောင်
သွားကြည့်တော့ ကျွန်တော်တို့ Sniper Gun က ချိန်ပေါက်ထက် အလုံးနည်းနည်း ပိုကြီးပြီး ပိုတိုနေတယ်..။ ထိတ်ကနဲဖြစ်သွားမိ
တယ်...။ သေချာပြီ ဒီကောင် ညာဘက်မှာ ရှိတဲ့ ဧည့်သည်တော် ပရိသတ် တစ်ယောက်ယောက်ကို လှမ်းချိန်နေပြီ ပစ်ကွင်း မပီမြင်
လို့ သေသေချာချာ လိုက်ချိန်နေတာပဲ.....။ ကျွန်တော် လူတွေကြားထဲက အတင်းတိုးဝင်သွားမိတယ်....။
ဒီလုပ်ငန်းကို လုပ်တဲ့သူဆိုတော့... သူလည်း ပါးနပ်မှု အပြည့်ပါပဲ.. ချက်ချင်း ရှောင်ထွက်တယ်...။ အိနြေ္ဒ
ရရနဲ့ ခပ်မြန်မြန်ပါပဲ.. ကျွန်တော် သူ့နား မရောက်ခင် သူက အပေါက်ဝနေ အပြင်ထွက်သွားပြီ... သူ့ကို ကျွန်တော် ချည်းကပ်စဉ်မှာ
ရရာကို ရမ်းသန်း ပစ်ထုတ် မသွားတာကို ကျေးဇူးတင်ရဦးမယ်....။ ကျွန်တော် အခန်းဝ ရောက်တာနဲ့ ချက်ချင်း ကသောကမျော
ထွက်လိုက်ပြီး လှမ်းကြည့်တော့ သူက ဟိုတယ် လမ်းမကြီးအတိုင်း ပြေးထွက်သွားတာ ချက်ပြုတ်ခန်းဘက်ကို သွားတဲ့ ထောင့်ချိုး
အတိုင်း ပြေးဝင်သွားတယ်....။
`` All NSC, All NSC ... အရေးပေါ်... ဆရာ.... ဆရာ ရှိလား... မိန်းလမ်း ချက်ပြုတ်ခန်း...´´
`` ကြည့်နေတယ်ဆမ်.... ဘလောက်(၃) ချက်ပြုတ်ခန်း...´´ ဆရာက CCTV မှာ သူမြင်နေတဲ့ ချက်ပြုတ်
ခန်းထဲဝင်သွားကြောင်းလှမ်းပြောလိုက်တယ်....။
`` ဆမ်.. ရှေ့ပေါက်ပိတ်.. ငါနဲ့နီးတယ် ငါအနောက်ပေါက်က ၀င်လိုက်မယ်...´´ အသံတုံနေလို့ပြေးနေရင်း
ပြောနေတာကို သိလိုက်ရတယ်..။ ကျွန်တော် ဘယ်ဘက်က ချက်ပြုတ်ခန်း အရှေ့ပေါက်ကနေ ၀င်လိုက်တယ်... လက်ထဲမှာတော့
P-99 လေးကို ကျည်ထိုးထားပြီးပြီ.... အခန်းထဲ လှမ်းဝင်လိုက်တော့ အထဲမှာ ဖယိုဖရဲနဲ့ ကျတဲ့ ဟာတွေကျ...၊ လဲတဲ့သူက လဲနေ
တယ်...၊ လူအားလုံးကတော့ စတိုခန်းဘက်ကို ကြည့်နေကြတယ်...။ သေချာပြီး ဆရာ လိုက်ဝင်သွားပြီ ဆိုတာပေါ့....။
`` ဆရာ... ဆရာ...´´ အခန်းထဲ ဖြေးဖြေး ကပ်လာရင်း အသံခပ်တိုးတိုးနဲ့ ခေါ်ကြည့်တယ်... ဆရာ့ဆီက
ပြန်ထူးသံ မကြားရဘူး... အထဲမှာ ချောင်နေတာ ဆိုရင်တော့ သူလည်း ဘယ်လိုလုပ် ပြန်ထူးနိုင်မှာလဲ.. အသံတိတ်နေရမှာပေါ့..၊
ကျွန်တော် အသင့်အနေအထားနဲ့... အခန်းထဲ လှမ်းဝင်လိုက်တော့ ၀ုန်းကနဲ သေနတ်သမား ပေါ်လာတယ်....၊ ဆရာ့လည်ပင်းကို
အနောက်ကနေ သိုင်းဖက်ထားပြီး နားထင်ကို သေနတ်နဲ့ တေ့ထားတယ်.. အရပ် (၅)ပေ(၁၀)လက်မရှိတဲ့ ဆရာ့ခေါင်းရဲ့ အပေါ်မှာ
သူ့မျက်လုံးတွေကို တွေ့နေရတော့... သူ့အရပ်က (၆)ပေ (၃)လက်မလောက်ရှိနေတာပဲ၊ ကျွန်တော်လည်း ဖျက်ကနဲ တံခါးဘောင်
မှာကွယ်ရင်း မျက်လုံးတစ်ဘက်ထွက်ယုံ သူ့ နဖူးကို ချိန်ထားလိုက်တယ်...။
`` ဒိုင်.... ဒိုင်း...´´ ကျွန်တော်ရှိတဲ့ဘက်ကို နှစ်ချက်လှမ်းပစ်ရင်း
အံကြိတ်ထားတဲ့ အသံနဲ့ ``လက်နက်
ချပြီး ထွက်လားစမ်းဟေ့ကောင်.. ငါပစ်သတ်လိုက်မယ်...´´ သူသေနတ်နဲ့ ပစ်လိုက်လို့ ယို့လိုက်တဲ့ ကိုယ်ကို ပြန်ထိန်းရင်း ကြည့်
မိတယ်... သူ့သေနတ်က ဆရာ့ နားထင်ကို ပြန်ထောက်ထားလိုက်ပြီ... နှာမှုတ်သံလို အသက်ရှူသံကလည်း ပြင်းနေတယ်......
သူကသေလူ ဖြစ်နေပြီလေ... မထူးဇာတ်ခင်းပြီး ကျားနာခဲ ခဲသွားရင် ဆရာ သေသွားနိုင်တယ်... ခုနေ Sniper Gunner တစ်
ယောက်လောက် အသင့်ရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲလို့.......။
သူ့အရပ်က နဖူးကို ပစ်လို့ရတဲ့ အရပ်၊ ဒါပေမဲ့ ရုပ်ရှင်ထဲမှာလို အပြင်ထွက်လိုက်ရင်လည်း ကိုယ့်ကို
အရင်ပစ်လိမ့်မယ်...။ ဆရာလည်း လွတ်မှာ မဟုတ်ဘူး.... မသေချာပဲနဲ့ ပစ်လိုက်ရင်လည်း သူ့နဖူး မထိပဲ ဆရာ့နဖူးကို ထိသွား
နိုင်တယ်....။ စိတ်ညစ်လိုက်တာ ဘယ်လိုများ လုပ်ရပါ့.......။
No comments:
Post a Comment