`` ဆရာ့မှာ ထင်မြင်ချက်တော့ ရှိရမှာပေါ့.... ကျွန်တော့်ကို ဒီအတိုင်း ထိုးထည့်ထားတယ်.... မြန်မြန်လည်း
ဂျူတီလွှဲခိုင်းနေတယ်.... ဘာမှလည်း သေသေချာချာ မပြောဘူး....။ ကျွန်တော် စိတ်တိုနေတယ်နော်..... ပြည်တော် ပြန်သွား
လိုက်မယ်.... စာချုပ်က ပြည့်နေတာ ၂ နှစ်ကျော်နေပြီ...´´
`` အံမာ... ငါ မြန်မာပြည်အထိ စနိုက်ပါနဲ့ လာပစ်မယ်.... သတ္တိရှိရင်ပြန်လေ..... ´´
`` ဟားဟားဟား...... မြန်မာပြည်မှာ လက်နက်ကိုင်ဆောင်ခွင့် မရှိဘူးဗျ ဆရာတို့ တိုင်းပြည်လို မဟုတ်ဘူး
အကြမ်းဘက်သမား မရှိဘူး.......´´
`` ဟေ.... ဟုတ်လား ဆောရီးကွာ...... ဟားဟားဟား... မင်းနဲ့ ပတ်သက်သမျှ ငါလုပ်လိုက်တဲ့ အော်ပရေး
တိုင်း မအောင်မြင်ဘူးပေါ့..... ဟားဟားဟား...´´
သဘောကျပြီးတဟားဟားရယ်နေတဲ့ ဌာနမှူးကို ကြည့်ရင်း ကျွန်တော်လည်းပျော်ရွှင်လာမိတယ်...´´ဟီး´´
ကနဲ ပြန်ရယ်ရင်း `` စနိုက်ပါနဲ့ နောက်မှ ပစ်ဗျာ.... လောလော ဆယ် သုံးသပ်ချက်လေး အရင်ပြောပြ....´´
ဆရာ မျက်နှာ တည်သွားတယ်... `` ခေါင်းရှုပ်နေလို့ မစဉ်းစားဖြစ်သေးတာ.. ဆမ်ရေ... မင်းထင်မြင်ချက်
အရင်ပြောကွာ....´´
`` ကျွန်တော့် ထင်မြင်ချက်ဆိုရင်တော့.... သူတို့က
(၁) ငွေလိုချင်တဲ့ ဒုစရိုက်သမား မဟုတ်ဘူး.... ။
(၂) လူသတ်ချင်တဲ့သူတွေလည်း မဟုတ်ဘူး..... ။
(၃) မင်းသမီးကိုလည်း အကူအညီတောင်းချင်တာ.....။
(၄) ကိုယ်ရံတော်ကို သေနတ်မသုံးပဲ သေအောင် သတ်သွားတယ်...။
ဒီတော့ဗျာ သူတို့က (၁)အချက်ဖြစ်တဲ့ ငွေမလိုသူတွေဆိုတော့..... လူဆိုတာက ငွေရယ် အာဏာရယ်
အတွက် တစ်နည်းအားဖြင့် လုပ်ပိုင်ခွင့်ပေါ့.... ဒီအတွက်ပဲ လှုပ်ရှားကြတာလေ....။ သူတို့က ငွေမလိုဘူးဆိုတော့.... အာဏာ
အတွက် လှုပ်ရှား တာပေါ့... လုပ်ပိုင်ခွင့်အတွက် လှုပ်ရှားတာပေါ့...´´
`` အင်း.... သဘာဝ ကျတယ်.... ဆက်ပြောပါဦး....´´
`` (၂) အချက်ကလူသတ်ချင်တဲ့သူတွေ မဟုတ်ပါဘူး....တဲ့၊ မဖြစ်နိုင်ရင်တော့ သတ်မယ်ဆိုတဲ့ သဘော...
အာဏာ တည်ဆောက်နိုင်ဖို့ လိုအပ်ရင် လူသတ်တဲ့ အလုပ်ကို လုပ်မယ်တဲ့.....။ ဒါကလည်း (၃)အချက်ဖြစ်တဲ့ မင်းသမီး ကူညီ
ပေးရမဲ့ ကိစ္စနဲ့ ဆိုင်နေတယ်....။ ရင်းနှီး ကျွမ်းဝင်တဲ့ သူတွေ မဟုတ်တဲ့အတွက် မင်းသမီးကလည်း ကြည်ကြည်ဖြူဖြူစေတနာနဲ့
ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စ မဖြစ်နိုင်ဘူး...။ ဥပမာ မင်းသမီးကို လူမြင်ကွင်းမှာ စည်းရုံးခိုင်းလို့ရတာမျိုးလည်း မဟုတ်ဘူး...၊
စစ်ရေးဆိုင်ရာ လျှို့ ၀ှက်ချက်နဲ့ နောက်ဆုံးပေါ် လက်နက် ကရိယာတွေရဲ့ Data တွေကို ယူခိုင်းရအောင်ကလည်း မင်းသမီးက
အက်ရှင်မင်းသမီးလည်း မဟုတ်ဘူး..... နည်းပညာဆိုင်ရာတွေကိုလည်း မကျွမ်းကျင်ဘူး....၊ ထောက်လှမ်းရေးလုပ်ငန်းတွေကို
လုပ်ခိုင်းရအောင်ကလည်း ထင်ပေါ်တဲ့သူ ဖြစ်နေတယ်....။ ဒါဆိုရင် မင်းသမီး လုပ်နိုင်တဲ့ အထဲကဟာကိုပဲ ခိုင်းမှာ.... အဲဒီတော့
မင်းသမီးကို မလုပ်လို့ မရအောင် မိသားစု အသက်နဲ့ အကျပ်ကိုင်ခိုင်းမှာရယ်.. လိုအပ်ရင် လူသတ်မယ်ဆိုတာရယ်ကို ကြည့်ခြင်း
အားဖြင့် အချိန်နဲ့ တပြေးညီ အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ချို့ မင်းသမီးရဲ့ ရုပ်၊ ဒါမှမဟုတ် ထင်ပေါ်ကြော်ငြားမှုကို
အခြေခံပြီး မလှိမ့်တပတ်နဲ့ ယူခိုင်းလိမ့်မယ်လို့.... ခန့်မှန်းမိတယ် ဆရာ.....´´
`` သိပ် ဖြစ်နိုင်တာပေါ့ ဆမ်.... ငါတွေးထားတာနဲ့ တော်တော်တူနေတယ်... မင်းကရော ဘယ်လို ထင်လဲ...
ဒီကိစ္စကိုလေ....´´
`` အင်း ကျွန်တော် သေသေချာချာ တွေးကြည့်ဦးမယ် ဆရာ.... ´´
`` ကောင်းတယ်... ငါလည်းတွေးမယ်... မင်း တွေးမိတာရှိရင်ပြောဦး..... ဒါနဲ့ဆမ်... သေချာတာတစ်ခုက
လောလောဆယ် မင်းရဲ့ ရွှေမင်းသမီး ဘာမှ မဖြစ်နိုင်သေးဘူး ဆိုတာ... ငါအာမခံပါတယ်ကွ... ဟဲဟဲဟဲ...´´
`` အာ.... ဆရာကလည်း လုပ်ပြီ..... ကျွန်တော့် ရွှေမင်းသမီး မဟုတ်ပါဘူးဗျ.... အလုပ်ရှင်ပါ.. ဟဲဟဲ...´´
`` မင်းသမီးက ငါနဲ့ အဆက်အသွယ်ရှိတယ်ကွ... ထူးခြားမှုရှိရင် ပြောနိုင်အောင် အဆက်အသွယ်လုပ်ထား
တာလေ... မင်းအကြောင်းတွေလည်း အခွင့်အရေး ရတာနဲ့ မေးတော့ တာပဲ.... ´´
`` ဆရာနဲ့ အဆက်အသွယ်ရှိမှန်း ဆရာ မပြောလည်း ကျွန်တော်သိပါတယ်.... ´´
`` မင်းသိနေမယ် ဆိုတာကို ငါကလည်း ခန့်မှန်းမိပါတယ် ဆမ်ရာ... ငါ့ကိုလည်း အထင်မသေးပါနဲ့ကွ...
ဟားဟားဟား..´´ ဒီနေ့ ဆရာ တော်တော် ပျော်နေတယ်.... သူ အပူတွေ လျော့သွားလို့ထင်ပါတယ်.. ကျွန်တော် ဆရာနဲ့တူတူ
ပျော်နေတာပါပဲ.... `` Goodluck sir.... see u....´´ နှုတ်ဆက်ရင်း ပြန်ထွက်လာခဲ့တယ်... မင်းသမီးနဲ့ ပတ်သက်ပြီး စိတ်ပူ
တတ်တာ ပထမဆုံး အကြိမ်တော့ မဟုတ်တော့ဘူး...
ကားမောင်းရင်း တစ်လမ်းလုံးရွှေရောင် ည၀တ်ဂါဝန်အပျော့လေးနဲ့ စိုက်ကြည့်ရင်း ပြုံးပြနေတဲ့ မင်းသမီးရဲ့
မျက်နှာကို မျက်လုံးထဲမှာ မြင်ယောင်နေမိတယ်... စူးရဲနေတဲ့ မျက်ဝန်းအကြည့်တွေကိုပေါ့....။ ညဘက်မှာ အိပ်ရေး မပျက်ချင်
တော့်ပါဘူး မင်းသမီးရယ်... တကယ်တော့ ကိုယ့်ရင်ထဲမှာ နေရာလေးက ကျဉ်းမြောင်းလွန်းတဲ့ အပြင် နေရာယူပြီးသား ပိုင်ရှင်
လေးလည်း ရှိနေတယ်လေ....။
`` ဆမ်...... ဒို့ကို ကြည့်ပါဦး... မြန်မာမလေးလို ၀တ်ထားတယ်... မြန်မာမလေးတွေက လုံလုံခြုံခြုံဝတ်ပြီး
သွားတာ လာတာကအစ သိမ်မွေ့တယ်လို့ မွေးစားအဖေက ပြောပြခဲ့ဘူးတယ်လေ... ဒို့ လှလား ဆမ်....´´ ကိုယ်လုံးလေးကိုတစ်
ပတ်လှည့်ပြရင်း မေးလာတဲ့ မင်းသမီးကို ကြည့်ရင်း....
`` လှပါတယ် အီတာရယ်... ´´ အပြုံးလေးနဲ့ ပြန်ပြောလိုက်တော့ မင်းသမီး တော်တော် ကျေနပ်သွားတယ်
တစ်ခု သတိထားမိတာက သူ့ မွေးစားဖေဖေကို အီတာက တော်တော်လေး ချစ်ခဲ့တယ်ဆိုတာပါပဲ....။
`` လှရင် ဓါတ်ပုံလေးတစ်ပုံ ရိုက်ပေးနော်... အိမ်ရှေ့ မှာ.....´´ ပြောရင်းဆိုရင်း အိမ်ရှေ့ကို ထွက်ပြီးတော့
ခုံလေးမှာ ၀င်ထိုင်လိုက်တယ်.... မနက်ခင်းရဲ့ နေရောင် တောက်တောက်အောက်မှာ မင်းသမီး အလှက မအေးချမ်းသလိုပါပဲ....
မြန်မာမလေးနဲ့ တူချင်ပေမဲ့ တကယ်တမ်းမှာတော့ မတူနိုင်ဘူးလေ... အခြေခံ ယဉ်ကျေးမှုခြင်း ကွဲပြားနေတာကိုး...။
အိမ်ကနေ (၈)မိနစ်လောက် ကားမောင်းပြီးတော့ Slidell လေဆိပ်ကို ရောက်လာခဲ့တယ်...၊ မင်းသမီးရဲ့
ကန်ထရိုက် ကုမ္ပဏီက လေယာဉ်လေးနဲ့ ``လူးဝစ္စ အမ်းစထရောင်း´´ လေဆိပ်လို့ခေါ်တဲ့ New Orleans အပြည်ပြည်ဆိုင်ရာ
လေဆိပ်ကို ဆက်ထွက်လာခဲ့တယ်။ မိနစ်ပိုင်းလေးပါပဲ....။ N.O. INTL Airport ကနေ... Airline Hwy လမ်းမကြီးအတိုင်း
အရှေ့ဘက်ကို တစ်နာရီလောက် ကားမောင်းလိုက်ရတယ်... ယာဉ်ကြော ပိတ်ဆို့နေလို့လေ.... ခရီးက ဝေးလွန်းလို့ရယ် မဟုတ်
ပေမဲ့ ယာဉ်ကြောပိတ်ဆို့မှုကတော့ အမြဲဖြစ်နေကျ၊ Airline Hwy လမ်းမကြီးကနေ Generes လမ်းကိုချိုးပြီး နည်းနည်းလေး
မောင်းဝင်သွားတော့.... Coca Cola ကုမ္ပဏီကို ရောက်ခဲ့တယ်... ကိုကာကိုလာ အချိုရည်ကို ပုလင်းသွပ်တဲ့ ကုမ္ပဏီလုပ်ငန်းခွဲ
ပေါ့.... ပုံမှန်လုပ်နေကြ အရောင်း မြှင့်တင်ရေး အစီအစဉ်လေးလေ... ပြသချိန် စက္ကန့်(၃၀)အတွက် MTV ကြော်ငြာရိုက်ပေးတာ
ရယ်၊ Wall Sheet ရိုက်ဖို့ရယ်ပေါ့.....။
Coca Cola ကုမ္ပဏီကို ရောက်တော့... ပျောက်ချက်သားကောင်းနေတဲ့ ကန်ထရိုက်ကုမ္ပဏီရဲ့ မန်နေဂျင်း
ကိုလန်ဘားကို တွေ့ရတယ်...။ မခံချင်စရာကောင်းတာက မင်းသမီးကို ဖက်လှဲတကင်း နှုတ်ဆက်ပေမဲ့ ကျွန်တော့်ကိုနည်းနည်း
လေးမှ ဂရုမစိုက်တဲ့ မျက်နှာနဲ့ လုပ်သွားတာကိုပါပဲ....။
`` ဒီကောင်တွေက ဒီလိုပဲ ဆရာ... ဆရာတို့လို အာရှသားရယ်၊ ကျွန်တော်တို့လို လူမည်းစပ်တဲ့ သူတွေကို
လူလို့တောင် မထင်ဘူး...´´ တဲ့၊ တိုးတိုးလေး ကပ်ပြောလိုက်တဲ့ မင်းသမီးရဲ့ ဒရိုင်ဘာလေးကို သဘောကျမိသေးတယ်... သူက
ကျွန်တော့် မျက်နှာကို အကဲဖမ်းတတ်တယ်လေ...။
လုံခြုံရေး အပြည့်နဲ့ ကုမ္ပဏီရဲ့ စီစဉ်မှုလေးကို သဘောကျပြီး စိတ်ထဲမှာလည်း လုံခြုံစိတ်ချသွားမယ်တယ်၊
မင်းသမီးတို့ ရိုက်ကူးရေးတွေ ဆောင်ရွက်နေတော့... စက်ရုံဝင်းထဲမှာ ဟိုဟို သည်သည် လျှောက်ကြည့်မိသေးတယ်....။ Coca
Cola ရဲ့ ခိုင်ခံမှုကလည်း နှစ်ပေါင်း (၈၀)လောက်ရှိပြီတဲ့.. Coca Cola အသားတံဆိပ်ပါတဲ့ ပုလင်းနဲ့ ကြော်ငြာတဲ့ အရောင်ရယ်
အချိုရည် ဖျော်စပ်တဲ့ ဖော်မြူလာရယ်က အရင်ကအတိုင်း ဘာတစ်ခုမှ မပြောင်းလဲခဲ့ဘူးတဲ့....။ သူတို့ အထူးဂရုပြုခဲ့ကြတယ်တဲ့
လေးစားလောက်တဲ့ လုပ်ငန်းအပေါ် စောင့်စည်းမှုလေးတစ်ခုပါပဲ.....။

No comments:
Post a Comment