``ကလင်.... ကလင်..... ကလင်....´´ အခန်းထဲဝင်ပြီး မီးခလုတ်ဖွင့်ပြီးယုံ ရှိသေးသည် ဖုန်းကမြည်လာသည်။
ဖုန်းခွက်ကို ကောက်ကိုင်လိုက်တော့..... ``ဆမ် ဘာသောက်စရာရှိလဲကွ.... ကိုယ်လာခဲ့မယ်....´´
`` ဟုတ်ကဲ့ဆရာ အခုလောလောဆယ်တော့ MARTELL XO ပဲရှိတယ်၊ ကျွန်တော် ဘာဝယ်လိုက်ရမလဲ
ဆရာ ဘာသောက်ချင်လဲ ပြောပါ....´´
`` % ဘယ်လောက်ပါလဲ....... ´´
`` 40 % ဆရာ.....´´
`` နေတော့ကွာ Martell ပဲ ကိုင်မယ်၊ မင်းက မသောက်တော့ အားနာတယ်..... အမြည်းရော ဘာရှိလဲ ဟဲဟဲ
အာရှသားတွေလေ သိတယ်မဟုတ်လား... အမြည်းစားရတာ သဘောကျတယ်...´´
`` လာခဲ့ဆရာ.... လောလောဆယ်... ၀က်ပေါင်ခြောက်ရှိတယ်.... ငါးကင်လိုက်မယ်... ငါးမန်းသားရည်ကြော်
လိုက်မယ်.... ဟင်းရည်သောက်ဦးမလား..... ´´
`` အိုကေ... ရပြီ... နောက် မိနစ်(၄၀)မှာ လာခဲ့မယ်....´´ ဆရာဖုန်းချ သွားတော့ ရေမချိုးနိုင်သေး ငါးမန်းသား
ရည်အခြောက်ကို ဆီများများနဲ့ ချက်ချင်းကြော်.... ငါးခပ်ရွယ်ရွယ် နှစ်ကောင်ကိုတော့ ရေခဲသေတ္တာထဲက ထုတ်ပြီး ညှပ်နဲ့ ကင်
ထားရတယ်.... အကင်စက်နဲ့ က အဆင်မပြေဘူးလေ.... ။
ငါးမန်းသားရည် ကြော်ပြီးတော့....ငါးကင်ထားဆဲမှာ သွေးပူတောင် မလုပ်နိုင်ပဲ..... ရေအမြန်ချိုးလိုက်ရတယ်
ပြီးတော့ အိမ်ရှေ့ လေးမှာ စားပွဲပုလေးနဲ့ သေသေချာချာ ပြင်ထားလိုက်တယ်၊ ကျွန်တော်အတွက် ... အုန်းရည် အသေးနှစ်လုံး
ရေခဲ ဘူးလေးထဲ ထည့်စိမ်ထားလိုက်တယ်၊ နာရီကြည့်လိုက်တော့ ဒေသစံတော်ချိန် ည(၇)နာရီ(၁၀)မိနစ်၊ သေချာတာကတော့
ဒီည အနည်းဆုံး (၉)နာရီနဲ့ (၁၀)နာရီကြားထဲမှာ ပွဲသိမ်းနိုင်တယ်လို့.....။
ပြင်စရာရှိတာလေး ပြင်ပြီးတော့.... (၅)မိနစ်လောက်မှာ ဆရာသမားရောက်လာတော့မယ်... ငါးကင်လေးကို
ဝင်ယူလိုက်တယ်.... အငွေ့တထောင်းထောင်း ထနေတဲ့ ငါးကင်ပူပူလေးက မွှေးနေတာပဲ.... ပန်းကန်ပြား အစွန်းမှာ သံပုရာသီး
၎ စိတ် လောက် ထည့်လာခဲ့တယ်... ငါးကင်ပူပူလေးကို သံပုရာရည် ဆမ်းပြီး ဒီအတိုင်းစားရတဲ့ အရသာက ဘာနဲ့မှမတူဘူး...။
ကားအရှိန်မလျော့ပဲ ခြံထဲကို ချိုးဝင်လာတယ်..... ပြီးတော့ ဘရိတ်ကိုဖိနင်းပြီးလက်ကိုင်ကို လှည့်လိုက်တော့
သူစီးလာတဲ့ကားက ကျွန်တော့်ကားဘေးကို ဘေးတိုက်ဒရွတ်ဆွဲဝင်လာပြီး တန်းစီရပ်သလို ဖြစ်သွားတယ်..... ဒီလူကြီး အကျင့် ကတော့ အရင်အတိုင်းပဲလို့......။
ပစ် ၀င်ထိုင်လိုက်တယ်......သူ့ဖန်ခွက်ထဲကို နှစ်ပက်လောက်ထည့်ပေးပြီး စားရေခဲအ၀ိုင်းလေး နှစ်တုံးထည့်ပေးလိုက်တယ်......
တစ်ပက်လောက်မျှင်းပြီးဆွဲသောက်ချလိုက်တယ်...... ပြီးတော့ ငါးမန်း သားရည်ကြော်လေး တစ်ဖတ် ကောက်ဝါးလိုက်တယ်..။
အရက်ကို အရသာခံပြီး စတိုင်ကျကျ သောက်တာကို ထိုင်ကြည့်ရတာလည်း သွားရည် ကျချင်စရာ ကျွန်တော်လည်း အုန်းရည်
ပုလင်းလေး ဖွင့်ပြီး တစ်ငုံ ငုံလိုက်တယ်...။ ဆရာသမားကတော့ ငါးကင်ပေါ်ကို သံပုရာသီးလေး ညှစ်ချပြီး စတီး တူလေးနဲ့ ဖဲ့စား
နေတယ်...။
`` ပြောပါဦး..... မင်းဒီနေ့ သွားခဲ့တဲ့ အခြေအနေလေး......´´
`` ဂျူတီ စ၀င်ရင် ကျွန်တော် အစီရင်ခံစာ တင်မယ်လေ.... ဘာတွေ လောနေတာလဲ....´´
`` ဂျူတီဝင်လို့ အစီရင်ခံစာ တင်တာက တစ်ပိုင်း..... ထားလိုက်။ ငါအခုသိချင်တာက မင်း ဒီနေ့သွားပြီး ဘာ
တွေလုပ်ခဲ့သလဲ.... အခြေအနေ ဘယ်လို ရှိသလဲ....၊ အဲဒါ သိချင်တာ ပြော.... ´´
မနက်က မင်းသမီး အိမ်ကို သွားခဲ့တာ..... လုပ်ခဲ့တာတွေကို တွေ့ရှိချက်နဲ့ အတူတူ ပြောပြလိုက်တယ်......
မင်းသမီးရဲ့ PSO ရယ်၊ မန်နေဂျာ အစ်မ၀မ်းကွဲရယ်၊ သူနဲ့ လုပ်ငန်းစာချုပ် ချုပ်ထားတဲ့ ကုမ္ပဏီရဲ့ အမည်မသိမန်နေးဂျင်းရယ်က
လွဲပြီး တခြားသူများ မတွေ့ရကြောင်း...၊ နောက်ပြီး ခပ်ငယ်ငယ် ဒရိုင်ဘာလေးတစ်ယောက်ငှားထားကြောင်းနဲ့ သူ့ကိုလည်း အား
မရကြောင်း တွေ့မြင်ခဲ့တာတွေကို ပြောပြလိုက်တယ်.... တော်တော် ကြာကြာပေါ့......။
ညက ကနွဲ့ကလျလေး နက်လာတော့.... အအေးဓါတ်က နည်းနည်းပိုလာတယ်။ ပုဂ္ဂိုလ်ကြီးကတော့ ပုလင်း
တ၀က်နီးပါး အားပေးထားတော့ မျက်နှာကြီးလဲ နီလာပြီ။ နဖူးမှာ ချွေးစေးတွေလဲ ထွက်လာနေပြီ... ကောင်းနေပြီဆိုတဲ့ သဘော
အာလည်း သွက်လာပြီ......။
`` ငါကြားချင်တဲ့ မေးခွန်း မင်း မမေးသေးဘူးနော်.....´´ သူ့စကားကြောင့် ကျွန်တော် သူ့မျက်နှာကို ကြည့်
နေမိတယ်၊ သူက ပြန်ကြည့်ရင်းနဲ့ ဘယ်လိုလဲဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတယ်....။
`` ဘာမေးခွန်းလဲ ဆရာ.....´´ လုပ်ပြီ ဆရာသမားကတော့.... ကျွန်တော်လည်း လူတော်တစ်ယောက်ဆိုတာ
ကိုယ်တိုင် သိပါတယ်... ဒါပေမဲ့ ဒီဆရာနဲ့ တွေ့ရင် တစ်ခုမဟုတ်တစ်ခု အမြဲ ကျန်နေရစ်တာကိုက မွေးရာပါလို ဖြစ်နေတာ...။
`` ဘာကြောင့် မင်းသမီးကို NSC က လုံခြုံရေး လုပ်ပေးတာလဲ ဆိုတာရယ်... ဘာကြောင့် မင်းကို တာဝန်
ပေးရလဲ ဆိုတာရယ်... ဘယ်လောက်နဲ့ ငှားတာလဲ ဆိုတာရယ်.... မင်း ငါ့ကို မေးရမယ်လေကွာ.... မဟုတ်ဘူးလား´´ ပြောပြီး ငါး
ကင်တစ်ဖဲ့ ယူစားလိုက်တယ်... ကျွန်တော်လည်း ကိုယ်ကို ပြင်ထိုင်ရင်း `` မေ့နေတာ ဆရာ.... မေးဖို့ကို သတိရတာပါ.....´´ လို့
ပြန်ပြောလိုက်တယ်....
`` ဒီမှာ ဆမ်.... မင်းရဲ့ အဓိက အားနည်းချက်က အဲဒါပဲ.... ခိုင်းလိုက်ရင် စွပ်လုပ်တော့တာ.... နည်းနည်းပါး
ပါး စဉ်းစားပြီး မေးသင့်တာလေးတွေ မေးလေကွာ.... မင်း ဒီလိုဖြစ်နေတာကို အထက်အရာရှိဖြစ်တဲ့ ငါကတော့ သိပ်သဘောကျ
တာပေါ့.... ခိုင်းလို့ ကောင်းတာကိုး၊ ဒါပေမဲ့ အကြောင်းအရင်းကို မင်းမသိပဲနဲ့ အလုပ်လုပ်နေတာ... အနှစ်အဓိပ္ပါယ် မဲ့တယ်ကွ´´
`` ကျွန်တော်ကတော့ အထက်လူကြီးတွေ ပေးတဲ့ အမိန့်ကို ကျေပွန်အောင်လုပ်ဖို့ပဲ သိတယ်ဗျာ... တာဝန်
မကျေရင် နေလို့ မကောင်းဘူး ဆရာရဲ့ .....´´ ပြောရင်း ရယ်နေလိုက်တယ်...။ ဆရာက နောက်တစ်ငုံ ထပ်သောက်ရင်း...
`` တကယ်တော့ မင်းသမီး အီတာက ရီပတ်ဗလီကန် ပါတီရဲ့...... အိုင်ကွန်း ဖြစ်လာမဲ့ လူကွ..... သူရဲ့ ၀င်
ငွေရဲ့ (၁၅)ရာခိုင်နှုန်းကို ရီပတ်ဗလီကန် ရံပုံငွေထဲကို အမြဲ လွှဲထည့်နေတာ.. ဒါပေမဲ့ သူက ပါတီဝင်အဖြစ် မှတ်ပုံတင် မထားဘူး
နောက်ပြီး သူ့အမျိုးတွေ အားလုံးနီးပါးက ဒီမိုကရက် လိုလားသူတွေ.... ဒါပေမဲ့ သူ့မွေးစားအဖေက အရင်က အိုကလာဟိုးမား
ဆီနိတ်တာ တစ်ယောက်ပဲ.... အဖိုးကြီးဆုံးတော့ အီတာက သန်း(၂၀)လောက် အမွေရလိုက်တယ်...... အဖိုးကြီးမှာက သားတစ်
ယောက်ထဲရှိတာ... သူကလည်း ရီပတ်ဗလီကန် ပါတီဝင်ပဲ..... နောက် WHO က ဆေးသုတေသန ပညာရှင်... လွန်ခဲ့တဲ့ (၂)နှစ်
လောက်က အာဖရိကကို UN ကိစ္စတစ်ခုနဲ့ သွားရင်း ဂန်းရှော့နဲ့ ဆုံးသွားတာ....။ အိမ်ထောင်လည်း မရှိဘူးလေ.... သူ့ရဲ့ ပိုင်ဆိုင်
မှုအားလုံးကိုလည်း အီတာပဲ ရလိုက်တာ... အီတာက မွေးစားညီမ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ပြည်နယ်တရားလွှတ်တော်ချုပ်
ဆီကို တင်ပြပေးတာကလည်း ရီပတ်ဗလီကန် ပါတီကပဲ... အထောက်အထားနဲ့ တင်ပြပေးတော့ ငြင်းချက်မရှိ... သူပဲ ရသွားတာ
လေ...´´ ပြောလို့ပြီးတော့ တစ်ငုံ ထပ်သောက်လိုက်တယ်....။
`` အော်..... ´´ ကျွန်တော်ဒါပဲ ပြောနိုင်ခဲ့တယ်.... တကယ်လဲ ဘာမျှ မသိထားဘူးလေ...။
`` အဲဒီမှာ ပြောစရာရှိတာက.... သူ့မွေးစားအစ်ကို ဂန်းရှော့... ဖြစ်တဲ့ကိစ္စကို ဒီမိုကရက် လက်ဝဲသမားတွေ
လက်ချက်လို့ သံသယဖြစ်စရာတွေ ရှိနေလို့... ဗဟိုရဲ့ စီမံမှုအရ NSC ကိုလာငှားအောင်လုပ်တယ်... ပြီးတော့ မင်းကိုတာဝန်ပေး
တာပဲ.... ငါကတော့ အီတာရဲ့ လုံခြုံရေးကို တာဝန်ခံပေးရတယ်.... သဘောပေါက်ပြီလား....´´
`` ဟုတ်လား.... တကယ် မသိတာပါဆရာ... ဒါဆိုရင် ကျွန်တော်တို့က နိုင်ငံရေး အရှုပ်အထွေးထဲကို ၀င်
မှန်း မသိ ၀င်သွားတာလား....၊ အီတာကိုရော..... အဲဒီလို လုပ်နိုင်လား..... ဘာ အထောက်အထား ရှိလို့လဲ...´´
`` အထောက်အထားကတော့ ဗဟိုက ရထားတာ ရှိမှာပေါ့.... အီတာကိုလည်း လုပ်နိုင်တယ်... မင်း သတိ
ထားကြည့် အီတာက ပရဟိတ ရံပုံငွေပွဲတွေ တော်တော်များများမှာ ပါဝင်တယ်..... အပျော့သဘောဆောင်တာပေါ့ကွာ.. နောက်
ပြီး ငြိမ်းချမ်းရေး စကားတွေလဲ ခဏခဏ ပြောတတ်တယ်.... တကယ်တော့ ဒီမိုကရက်ဆိုတာက အမာ ကွ.... စစ်တိုက်ရတာကို
ဝါသနာပါတယ်။ ရီပတ်ဗလီကန်ကတော့ ဒီမိုကရက်ဖြုန်းခဲ့တဲ့ ငွေကို ပြန်ရှာပေးရတဲ့ သဘောမျိုးတွေ့ရတယ်လေ....၊ ကဲ ကောင်
လေး ငါ ပြန်တော့မယ်..... အဓိကက အမေရိကန် လုံခြုံရေးသမားကို ငှားရင် အီတာရဲ့ လုံခြုံရေးက ပြောင်းပြန်ဖြစ်သွားနိုင်တယ်
ဒါကြောင့် နိုင်ငံခြားသားဖြစ်တဲ့ မင်းနဲ့ငါ့ကို တာဝန်ပေးတာ....တစ်ခု သတိထားဖို့က အီတာရဲ့ ရန်သူက မလိုမုန်းထားသူ မဟုတ်ပဲ
ပါတီ တစ်ခု ဖြစ်နေနိုင်တယ်.... မပေါ့ပါနဲ့.... နောက်တစ်ခုက သူ့အနားက လူရင်းတွေကိုလည်း အခွင့်အရေး မပေးမိဖို့ပဲ....´´
ပြောရင်းနဲ့ ထပြန်တယ်... ကားနားရောက်တော့ လှည့်ကြည့်ပြီး `` မင်း ပြင်ဆင်လို့.. စိတ်ကြိုက်ဖြစ်တာနဲ့
တာဝန်လွှဲ ယူလိုက်တော့.. ပြီးတော့ တခြားအန္တရာယ် မရှိပါဘူးလို့လဲ မတွေးနဲ့ သူက အရမ်း နံမယ်ကြီးလာတာ... ဆီးယူ ´´
ကျွန်တော် ဘာမှ ပြန်မပြောခင် ကားမောင်းထွက်သွားခဲ့ပြီ...... နာရီကို ကြည့်လိုက်တော့ ည(၉)နာရီ(၂၃)
မိနစ်...... Martell ပုလင်းလေးလဲ သုံးချိုး နှစ်ချိုး ကုန်သွားပြီ.... ငါးကင်လေးလည်း ကျောရိုးနဲ့ ခေါင်းပဲကျန်တော့တယ်.... ဒါ
ကြောင့် ဒီမှာ အရက်လာသောက်တာကိုး...။ ဘာပဲပြောပြော ကျေးဇူးပဲ အာစရိရေ........။
No comments:
Post a Comment