သေနတ်မှန်ထားတဲ့ ကားလေးကို ကြည့်ရင်း အသိတစ်ခုတော့ ရလိုက်တယ်.......၊ မင်းသမီးနဲ့ ဌာနမှူးတို့
နှစ်ယောက်ထဲက တစ်ယောက်ကတော့ ကျွန်တော့်ကို လှည့်စားနေပြီလို့........။
သေသေချာချာ တွေးလေ တရေးရေးကနေ ပီပီပြင်ပြင် ထင်ရှားလာလေပါပဲ....၊ မင်းသမီးအိမ်ကို ကားနက်
ကြီးတစ်စီးက ဓါတ်ပုံလာရိုက်တယ်....
မင်းသမီး အခန်းထဲက တစ်သျှူးဘူးလေးထဲမှာ အသံဖမ်းကိရိယာတတ်ထားတယ်။ အခုထိ ကျွန်တော်ပိတ်
ထားခဲ့တဲ့ အတိုင်းပဲ....။ ဘာမှ ထူးခြားမလာဘူး....။
ကျွန်တော့် အခန်းကို ဖောက်တယ်...ကွန်ပြူတာ အချက်အလက်ခိုးတယ်..၊ စီးကရက်တိုက တဆင့် DNA
စစ်ကြည့်တော့ ဌာနတွင်းဝန်ထမ်း ဖြစ်နေတယ်...၊ လက်ဗွေရာ မကျန်ဘူး... လက်အိတ်စွပ်ထားတယ်တဲ့.....။
မင်းသမီး ကားကို သေနတ်နဲ့ပစ်တယ်... ညာဘက်မှန်ကနေ ဘယ်ဘက်မှန်ကို ပေါက်ထွက်တယ်..။ လူတွေ
ဘာမှ မဖြစ်ခဲ့ဘူး...။ ထူးခြားချက်က မင်းသမီးရဲ့ ကားနဲ့မသွားဘူး....၊ အစ်မ ၀မ်းကွဲ ဒေါ်လီရဲ့ကား၊ ဒေါ်လီ ကိုယ်တိုင်မောင်းတယ်
မထင်မရှား သွားတာလို့ အကြောင်းပြလို့ရတယ်...။ ဒါပေမဲ့ စဉ်းစားကြည့်တော့ မင်းသမီးကားဆိုရင် ဒေါ်လီမောင်းလို့ မရဘူး....
ဒရိုင်ဘာကောင်လေး ရှိတယ်...၊ နောက်ပြီး.. မင်းသမီးကား နောက်မီးခွက်နဲ့ ရှေ့ဝိုက်ဘာ အရင်းမှာ မိနစ်(၂၀)စာ ဆံ့တဲ့ စပိုင်
ကင်မရာလေးတစ်လုံး ဒရိုင်ဘာလေးကို ကျွန်တော် တတ်ခိုင်းထားတယ်။ ရီကော့ ပြန်ကြည့်လို့ရတယ်လေ....။
နောက်ပြီး ကျွန်တော့်ကို သေနတ်နဲ့ အသေပစ်တယ်... ကံကောင်းလို့ ဒဏ်ရာတောင် မရခဲ့ဘူး....။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဌာနမှူးက ဘာတစ်ခွန်းမှ မပြောခဲ့ဘူး...၊ ဖြစ်ခဲ့သမျှ ကိစ္စတွေ
အားလုံးကို အစဖျောက်ထားခဲ့တယ်....။ နောက်ပြီး မင်းသမီးကလည်း ဘာမှ အလေးအနက်မထားခဲ့ဘူး...။
စဉ်းစားရင်း အချိန်တွေ တော်တော် ကုန်နေခဲ့ပြီပဲ.....။ ဆရာပဲ ဖြစ်ဖြစ်..၊ မင်းသမီးပဲဖြစ်ဖြစ်....၊ ဒါမှ မဟုတ်
နှစ်ယောက်ပေါင်းပဲ ဖြစ်ဖြစ်..... နောက်ကွယ်က ကိစ္စတစ်ခုကိုတော့ ဖော်ထုတ်ရမယ်.... အိမ်ရောက်မှ ဇာတ်လမ်းအစကနေ အခု
ချိန်အထိ ဖြစ်ပျက်နေတာတွေကို သေသေချာချာ ပြန်စဉ်းစားရမယ်... ဟာကွက်လေးတစ်ကွက်နှစ်ကွက်တော့ ပေါ်လာမှာပဲ....။
`` ဆမ်... မင်းကို သေနတ်နဲ့ ပစ်တဲ့ ကားကို မိပြီတဲ့...´´ ခပ်လှမ်းလှမ်းမှာ ဖုန်းပြောနေရာက ဌာနမှူးကလှည့်
ပြောလာတော့... `` ဘာတွေ သိရလဲဆရာ... သေသွားသေးလား....´´
`` မသေဘူးကွ.... သေနတ်သမားကတော့ ဆေးရုံတင်ထားရတယ် ပြောတယ်။ မင်းပစ်လိုက်တာ ညာဘက်
လည်ပင်းကို ရှပ်မှန်သွားတယ်....၊ စစ်ဆေးချက်အရတော့ မစ္စစ္စပီရဲဌာနက ကက်ပတိန် အိုနာရဲ့ကားကိုမြင်ပြီး အိုနာထင်လို့ ပစ်
တာလို့ ပဏာမ စစ်ဆေးရရှိတယ်... မနှစ်က မူးယစ်ဆေး ဖြန့်တဲ့ အမှုနဲ့ အိုနာထောင်ချလိုက်တဲ့ စတန်းရဲ့ ညီပဲ....´´
သက်ပြင်းလေးလေးကို မျှင်းပြီးချလိုက်မိတယ်.... ဒီတစ်ခါ နှာခေါင်းကထွက်လာတဲ့လေက ပူလိုက်တာ.....
ဘာမဆို လက်စပြတ်နေတာချည်း ဖြစ်နေပါပေါ့လား....။
`` မင်းမပြန်ခင် ဖြစ်စဉ်လေးကို ရေးပေးခဲ့ဦးနော်.... ဒီကောင်တွေကို တရားစွဲလို့ရအောင်.... တော်သေးတာ
ပေါ့ကွာ.... MPD က ဒရိုင်ဘာလေးပါလို့.... မဟုတ်ရင် မင်းအရင်ပစ်တယ်တောင် ဖြစ်သွားနိုင်တယ်.... ဟူးးးးးး´´ တဲ့။
`` ဟုတ်ကဲ့ဆရာ ရေးတင်ခဲ့ပါ့မယ်....´´ ကျွန်တော် အားပျော့နေပြီ.... အသံတောင် အားမရှိတော့ဘူးဆိုတာ
ကောင်းကောင်း သတိထားလိုက်မိတယ်...။ ဆရာ မရိပ်မိအောင်တော့ နေရမယ်... သတိဆိုတာ ပိုတယ်လို့ မရှိဘူးလေ...။
အပြန်လမ်းမှာတော့ ဌာနမှူးနဲ့ မင်းသမီး အကြောင်းကို ရတတ်သမျှ စဉ်းစားရင်း ၀မ်းနည်းနေသလိုလို.....
စိတ်မကောင်းသလိုလို ခံစားလာမိတယ်....။ ဌာနမှူးဆိုတာက အရှေ့တောင်အာရှသားချင်း၊ ညီအစ်ကိုလို တိုက်ပွဲဝင်ခဲ့ရတဲ့သူ၊စေ
တနာလည်း ထားခဲ့တယ်....။
မင်းသမီးဆိုတာကလည်း ကြုံတောင့် ကြုံခဲ မြန်မာလူမျိုးတွေကို အထင်ကြီး လေးစားတဲ့သူ.... နောက်ပြီး
စိတ်ထားမှန်တဲ့သူ....၊ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို ဥပဒေအရ အရေးယူခဲ့ရရင်..... ရင်ထဲမှာ ပူလောင်နေမိ
တယ်...။ လုံးဝ မဟုတ်စေချင်ဘူး... သို့သော်လည်း.... အများအကျိုးနဲ့ ပတ်သက်လာရင်၊ ဥပဒေနဲ့ ပတ်သက်လာရင်တော့...။
အခန်းကို ပြန်ရောက်တော့.... ကော်ဖီအေးတစ်ဗူးနဲ့ ပန်းသစ်တော်သီးတစ်လုံး ရေခဲသေတ္တာထဲက ထုတ်
ယူပြီး ဆိုဖာပေါ်မှာ ပက်လက်လှန်ရင်း စားသောက်လိုက်တယ်...။ ဒီတစ်ခါ စားရတဲ့ ပန်းသစ်တော်က အရည်ရွှမ်းပေမဲ့ မချိုပါဘူး၊
ကော်ဖီအေးလေးကတော့ လောလောဆယ် ရင်အပူကို ငြိမ်းစေသလိုပါပဲ...။ ဒါပေမဲ့ သိပ်လည်း မသေချာဘူးထင်တယ်... ရင်ထဲ
မှာ ပူနေတုန်းပဲလေ....။
သတိတရနဲ့ မင်းသမီးကို ဖုန်းလှမ်းဆက်လိုက်တယ်.... ဒေါ်လီလာကိုင်ပြီး သေနတ်ပစ်ခံရလို့ သူလည်း
စိတ်မကောင်းကြောင်း.. မင်းသမီးကို အိပ်ဆေးတိုက်ပြီး အိပ်ခိုင်းထားကြောင်း...၊ အတော်ကို တုန်လှုပ်သွားကြောင်းနဲ့ FBI က
စစ်ချက်တောင်းတာတောင် သူပဲ ပေးလိုက်ရကြောင်း ပြောပြတယ်... စိတ်ပူနေတယ်ဆိုတဲ့ အကြောင်းပြန်ပြောရင်း မင်းသမီးကို
လည်း ပြောပြပေးပါ မနက်စောစော လာခဲ့မယ်လို့ မှာလိုက်တယ်...။
ဒီနေ့မနက် စောစော ထထွက်ခဲ့တယ်....၊ မင်းသမီးကို အားပေးရင်း အကဲခတ်ချင်လို့...။ ဒါပေမဲ့ အိမ်ကို
ရောက်တော့ မင်းသမီးက မရှိတော့ဘူး....၊ သတင်းထောက်တွေ လိုက်လာလို့ Breakfast စားမယ်ဆိုပြီး ရှောင်သွားတယ်တဲ့..။
ဒီနေ့ ဘာအစီအစဉ်ရှိလည်း မေးတော့ ဒီနေ့ နေ့လည်မှာ အပြည်ပြည်ဆိုင်ရာ စီးပွါးရေး နှီးနှောဖလှယ်ပွဲရှိတယ်...။ ၀ါရှင်တန်က
Royal Star ဟိုတယ်မှာလုပ်မယ်...။ အမေရိကန်က FBI အကြီးအကဲရယ်...၊ စွမ်းအင်ဝန်ကြီးရယ်၊ ကမ္ဘာ့အဆင့် ခေါင်းဆောင်
တော်တော်များများတက်မယ်.. ။ အဲဒီမှာ `` Green World ´´လို့ အမည်ပေးထားတဲ့ အစိမ်းရောင်ကမ္ဘာကြီးဆိုတဲ့ သဘာဝပတ်
ဝန်းကျင် ထိန်းသိမ်းရေး သီချင်းကို မင်းသမီးက ဂုဏ်ပြု သီဆိုပေးရမယ်တဲ့....။
ဒေါ်လီက လိုတာထက်ပိုပြီး ဘော်ဒီကို လှုပ်ဆွ ထွက်ခွါသွားတယ်... လေ့ကျင့်ခန်း လုပ်တာလည်း မဟုတ်
ပဲနဲ့ တစ်ယောက်ထဲ ဘာလာလုပ်နေတာပါလိမ့်....။ သေချာတာကတော့ ညအိပ် ၀တ်စုံ မလုံ့တလုံလေးရဲ့အောက်မှာ ဘာမှ ၀တ်မ
ထားဘူး.....။ ယောက်ျားတစ်ယောက်အနေနဲ့ ပြောရရင် မင်းသမီးထက်တောင် အသားအရည်ပိုညက်နေသေးတယ် သူ့ကိုကြည့်
ရင်း သူလည်း လှတာပဲလို့... တွေးဖြစ်ခဲ့သေးရဲ့....။
ဒေါ်လီထွက်သွားတော့ အိမ်ကို တစ်ပတ် ပတ်ကြည့်မိတယ်.... မင်းသမီးရဲ့ အိပ်ခန်းက တံခါးစေ့ယုံစေ့ထား
တာပဲ.....၊ အထဲကို လှမ်းကြည့်လိုက်တော့ ကုတင်ဘေးက ဖော်မိုက်ကာ စားပွဲလေးပေါ်မှာ ဖိုက်ဘာ သေတ္တာ အနက်ကလေး
တစ်လုံး အတွင်းဘက် နံရံတွေကို ပြဒါးသုတ်ထားတဲ့ မှန်ကလေးတွေ ကပ်နေတာပဲ.... အပေါ်ဘက်ကို ကပ်ပြီးပြီ...၊ အောက်ခြမ်း
ကပ်မဲ့ မှန်လေးနဲ့ ကော်အတောင့်လေးက လုပ်လက်စ ရပ်ထားခဲ့တဲ့ပုံပေါ့၊ သေတ္တာရဲ့ နံရံဘက်ကို မှန်ရဲ့ မျက်နှာပြင်ကို ကပ်ထား
တာဆိုတော့... နေဦး... ဒီသေတ္တာလေးကို မြင်ဘူးတယ်... ( 204 × 198 cm) ဆိုဒ်၊ ဒါဆိုရင် ဒါကသေနတ် သေတ္တာပဲ...။
ဒီသေနတ်သေတ္တာကို ဘာလုပ်ဖို့လဲ..၊ ပြဒါးသုပ်ထားတဲ့ မှန်ကိုလည်း သေတ္တာရဲ့ နံရံတွေဘက်ကို လှည့်ပြီး
ကပ်နေတယ်...။ အဲဒီလို ပြဒါးသုတ်ထားတဲ့ သေတ္တာတွေက လုံခြုံရေး X-Rays စက်တွေကို ဖြတ်တဲ့အခါ ကွန်ပြူတာမှာ ဘာမှ
မပေါ်တော့ဘူး....။ အစိမ်းနုကနေ အနီရင့်ရင့် အရောင်တွေ အထိ ပုံရိပ်တွေရဲ့ အပေါ်မှာ အရောင်ထင်တတ်တဲ့ X-Rays စက်တွေ
မှာ ခပ်ပါးပါး ပုံစံပဲ ပေါ်တော့တယ်.... လက်ဝတ်ရတနာ အနည်းငယ်ကို သေနတ်အပေါ်မှာ တင်လိုက်ရင် ကွန်ပြူတာ စခရင်မှာ
ရတနာ သေတ္တာဗူးလေးဖြစ်သွားရော.... ဒါက ဘာလုပ်မလို့ပါလိမ့်.....။
စစ်ဆေးရေးတွေကို ရှောင်ပြီး သေနတ်သယ်ယူချင်တာပဲ.... လူနဲ့သယ်ရင် မိုင်းရှာစက်တွေဖြတ်ရမယ်....
Body Search လုပ်တဲ့အခါ သေနတ်ကို မိုင်းရှာစက်က အာရုံခံမိရင် အသံမြည်မယ်....။ ဒါကြောင့် ပစ္စည်းသေတ္တာထဲကို ထည့်
သယ်ရင်... X-Rays စက်ပဲ ဖြတ်ရမယ်....။
ဆက်ပြီး စဉ်းစားဖြစ်သေးတယ်.. လုံခြုံရေးအတွက် သယ်ရင်လည်း သူ့ရဲ့ လက်ကိုင်အိတ်ထဲ ထည့်သယ်
လို့ရတယ်..၊ သတင်းပို့လိုက်ရင် အဆင်ပြေပြီ...။ တကယ်တမ်းတော့ လိုလည်း မလိုဘူး.. ဒီလိုအခြေအနေမှာ FBI က အနီးကပ်
နှစ်ယောက်ရယ်.... မျက်ကွယ်လုံခြုံရေး တစ်ဒါဇင်လောက်ရယ်က အမြဲ ရှိနေမှာ...ဒါက သဘောရိုး မဟုတ်လောက်ဘူးပေါ့...။
နောက်တစ်ခု စဉ်းစားဖြစ်သေးတာက မင်းသမီးလုပ်နေတာ မဟုတ်ပဲနဲ့ မင်းသမီးထွက်သွားမှ ဒေါ်လီက
မင်းသမီး မသိအောင်လုပ်နေတာလားပဲ....။ စဉ်းစားနေတုန်း ခြေသံပါးပါးလေးကြားလို့ ကမန်းကတန်း အိမ်ရှေ့ကို ထွက်လိုက်
ပေမဲ့ မမှီတော့ဘူး... ခြေသံက ထောင့်ချိုးနားအထိ ရောက်လာနေပြီ....။ ချက်ချင်း ဒါရိုက်ရှင်ပြောင်းပြီး အိမ်ထဲဝင်မဲ့ပုံလုပ်ရင်း..
ဘေးက ပြတင်းပေါက်ကို ရပ်ကြည့်နေလိုက်တယ်.... ဒေါ်လီ နောက်ကနေတွေ့ရင်တော့ ခုမှ အိမ်ထဲ ၀င်မဲ့ ပုံစံမျိုးပေါ့.....။
ချက်ချင်း သတိရတာလေး တစ်ခုက ဒီနေ့ခရီးစဉ်ကို လိုက်ဖို့ ဘယ်သူမှ မဖိတ်ခေါ်ဘူးဆိုတာပဲ... ဒီလို
အခြေအနေမှာ ကျွန်တော့်ကို အတူလိုက်ခဲ့ဖို့ ခေါ်သင့်ပါလျှက်နဲ့....။
သူတို့ မခေါ်ရင်လည်း သူတို့ထက်အရင် ၀ါရှင်တန်က Royal Star ဟိုတယ်ကို အရင်ရောက်အောင်
သွားရမှာပေါ့....။ သိပ်လည်း မခက်ပါဘူး...၊ အိမ်မှာ security card ပြန်ယူယုံပဲလေ.... အခြေအနေအရ ဒီနေ့တောင် ထူးဆန်း
လှပတဲ့ အဖြေတစ်ခုကို ရနိုင်တယ်....။ မတော်မတရားတွေတော့ တကယ်ကို မဖြစ်စေချင်တာပါ မင်းသမီးရေ......။
No comments:
Post a Comment