ချစ်ခြင်းအားဖြင့်.......
ကြေကွဲ၊ ၀မ်းနည်း
ကြည်နူး ချမ်းမြေ့
တစ်နေ့ပြီးတစ်နေ့ မြင်တွေ့နေရလို့
ပရိုဂရမ်မာတစ်ယောက် မဟုတ်ပေမဲ့
သေချာတဲ့အထောက်အကူပြု
ဆော့ဝဲလေးတစ်ခုတော့
ရေးဖွဲ့ချင်မိပါရဲ့.....။
နောက်ဆုံးမှာ ကြိုးစားရင်း
ဗားရှင်းအသစ်နဲ့ ဆော့ဝဲလေးတစ်ခု ရေးထားတယ်
အမည်ဆန်းဆန်းနဲ့ လန်းလန်းပေးချင်လို့
ဟိုဟိုသည်သည် စဉ်းစားရင်း
``နားလည်မှု´´လို့ ပေးလိုက်တယ်။
ဒီဆော့ဝဲလေး သွင်းလိုက်တဲ့အခါ
အတ္တတွေ ကွာကျသွားလိမ့်မယ်...
အခြေမမှန်ရင် ရပ်တည်ခြင်းဝင်းဒိုးတွေကျ
ဟက်ဒစ်ကြီးတစ်ခုလုံးလဲ ကြွသွားမယ်နော်....။
ဒါပေမဲ့ မပူပါနဲ့ -
တစ်ခါလောက် ထည့်သုံးထားယုံမျှနဲ့
တစ်ဘ၀လုံး လှပစေရမယ်လို့
ကျွန်တော် အာမခံပါတယ်...။
No comments:
Post a Comment