`` ဟုတ်တယ် ဆရာ.. ပြောပြလိုက်ရင် သူလန့်သွားမှာ စိုးတာရယ်... အကုန်လျှောက်ပြောလိုက်မှာ စိုးတာရယ်
ဒါကြောင့် မပြောဖြစ်လိုက်ဘူး.....´´
`` မပြောတာ ကောင်းတယ်..... ဒါအတွင်းလူပဲ... အိမ်ထဲဝင်ထွက်တာ (၁၀)ယောက် မကျော်လောက်ဘူး....´´
`` ဟုတ်တယ်ဆရာ... ကျွန်တော်ထင်တာကblue tooth နဲ့ လွှင့်တဲ့ အသံကို လက်ခံမယ်... ပေ(၁၀၀)အတွင်း
လေ... အဲဒီကနေတဆင့် blue tooth နဲ့ပဲ ထပ်လွှင့်မယ်.... နောက်ထပ် ပေ(၁၀၀)အတွင်းကိုပေါ့... အဲဒီကနေမှ ကွန်ပြူတာက
လက်ခံပြီး ပို့ချင်တဲ့ဆီကို Auto Send လုပ်ထားတဲ့ သဘောပဲ....၊ ဒါကြောင့် ကျွန်တော် ပေ(၂၀၀)အတွင်းမှာ သတိထားစောင့်
ကြည့်ချင်လို့ ဒီအတိုင်းလေး စက္ကူနဲ့ ပြန်ပိတ်ထားခဲ့တာ....၊ လုပ်ထားတဲ့သူက အတိအကျကို ပြန်စစ်မှာပဲလေ.. ဒါနဲ့ ကျွန်တော်
တစ်ခုစဉ်းစားမိတယ်ဆရာ...´´
`` အေး ပြောလေကွာ...´´
`` သူတို့ လုပ်ထားတဲ့ပုံစံကြည့်ရတာ မင်းသမီးကို သတ်ချင်တာ မဟုတ်လောက်ဘူး.... မင်းသမီးရဲ့ စကားတွေ
သိချင်နေတာလို့ ထင်တယ်.... တခြားအကြောင်းအရာ ဘာရှိသေးလဲဆရာ.... ကျွန်တော် သိသင့်တယ်ထင်ရင် ပြောပြပါဦး....´´
`` တခြားအကြောင်းကတော့ နိုင်ငံရေးကိစ္စတွေပဲ ရှိနိုင်မယ်... ငါသေသေချာချာ မသိသေးဘူးကွ.... မနက်ဖြန်
NSA ( National Security Agency ) ညွှန်မှူးနဲ့ သွားတွေ့ရင် သူပြောတာနားထောင်ပြီး မေးခဲ့မယ်... မင်းလည်းရသလောက်
တော့ စုထား သူနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် နောက်ကွယ်မှာ ကြီးမားတဲ့ လှုပ်ရှားမှုတွေ ရှိလာနိုင်တယ်.... ဒါနဲ့ ဟေးရောင် တစ်ခုပြော
ရဦးမယ်... မင်းသမီးက အမေရိကန် စစ်စစ် မဟုတ်ဘူးပြောတယ်နော်... ရသလောက်စုံစမ်းထားဦး... သူ့အဖိုးက ကိုလံဘီယာ လို့
ပြောသံကြားတယ်....´´
`` ဟုတ်ကဲ့ဆရာ... မှတ်ထားပါ့မယ်..... နောက်တစ်ခုကလေ ကျွန်တော် မင်းသမီးရဲ့ အခန်းထဲမှာရော... ဖုန်း
တွေရော စစ်ဆေးကြည့်ချင်တယ်.....´´
`` ဖုန်းကိုတော့ ခြေရာခံခိုင်းလို့ရတယ်... တခြား ဆားကစ်လဲ ထည့်လို့မရအောင် လုပ်ထားပြီးပြီ... အဓိကက
အခန်းနဲ့ ကားပဲ.... လူတွေကိုတော့ ရသလောက် ငါစောင့်ကြည့်ခိုင်းထားတယ်... သူ့အနားမှာ မင်းသံသယ၀င်တဲ့လူ မရှိဘူးလား´´
`` လောလောဆယ်တော့ စဉ်းစားလို့ မရသေးဘူး ဆရာ..... ဖြစ်နိုင်ရင်လဲ မစ္စတာ စမစ်နဲ့ ခြံစောင့် ဒင်နီပါလာ
နှစ်ယောက်ကိုတော့ စဉ်းစားတဲ့အထဲ ထည့်ထားတယ်။ ဒေါ်လီကတော့ သူ့အစ်မ ၀မ်းကွဲပဲလေ သံသယ ဖြစ်စရာတော့ မရှိလောက်
ပါဘူး.... ဟုတ်တယ် မဟုတ်လား..´´
`` အေးအေး ကောင်းပြီကွာ.... ဒီ ညစာ ငါရှင်းထားတယ်... မင်းပြန်ချင် ပြန်တော့လေ.... အလှပဂေးလေးရဲ့
လုံခြုံရေးကိစ္စ စဉ်းစားရဦးမယ် မဟုတ်လား..... ဟားဟားဟား......´´
`` အာ ..... ဆရာကတော့ လုပ်ပီ.......´´ ပြောရင်း၊ ရယ်ရင်း ထထွက်လာခဲ့တယ်....။ ဆရာသမားကတော့
သူ့စကား သူသဘောကျရင်း တဟားဟားရယ်ရင်း ကျန်ရစ်ခဲ့တယ်။ အပြန်လမ်းတလျှောက်လုံး နီယွန်မီးတန်းကြီးတွေ တရိပ်ရိပ်နဲ့
ကျန်ရစ်နေခဲ့တယ်....။ ဇာတ်လမ်းကတော့ အရှုပ်ထုပ်ပဲ..... ဒါကို ဘာကြောင့်များ စိတ်ဝင်တစားရှိနေမိတာလဲလို့... စဉ်းစားလို့မရ
ခဲ့ဘူး...။ အဆုံးသတ်ကိုတော့ လှအောင် ဖန်တီးထားမှ ဖြစ်တော့မယ်...။
မနက်မိုးလင်းတော့ ထုံးစံအတိုင်း လေ့ကျင့်ခန်းလုပ်..... ရေချိုး၊ အာရုဏ်ဆွမ်းကပ်၊ မနက်စာစားပြီးတော့....
walther သေနတ် တစ်လက်ကို ချိုင်းကြားထဲ ထည့်လွယ်လာခဲ့တယ်....။ ပစ်ဖို့ခတ်ဖို့ထက် အရေးအကြောင်း အတွက်တော့ အမြဲ
ဆောင်ထားမှ ရတော့မယ်လေ... ဘာမှန်းမသိတဲ့ မာယာတောနက်ထဲကို ၀င်မှန်းမသိ ၀င်နေခဲ့မိပြီပဲ....။
အိမ်ရောက်တော့ အီတာက သွားစရာတစ်ခုရှိတယ်တဲ့....၊ အလုပ်မရှိရင် အတူတူ လိုက်ခဲ့ပေးဖို့ ပြောတယ်...။
အီတာနဲ့ ဒေါ်လီက ကားအနောက်ခန်းမှာ ထိုင်..... ကျွန်တော်က ဒရိုင်ဘာလေးရဲ့ ဘေးမှာ ၀င်ထိုင်လိုက်တယ်.....။ ကားမှန်တွေက
အော်ရီဂျင်နယ်မှန်တွေပဲ...။ ကျည်ကာမှန်တွေနဲ့ လဲထည့်ရင်ကောင်းမယ်လို့ တွေးမိတယ်......။
မင်းသမီးနေတာက မစ္စစ္စပီပြည်နယ်ရဲ့ ပင်လယ်ကွေ့( Gulfport)ဆိပ်ကမ်းနားမှာအခုသွားမှာကလူစီယားနား
ပြည်နယ်ရဲ့ Lake Pontcharain ရေကန်ကြီးနားကိုတဲ့ MTV ရိုက်ရမယ်လို့ပြောတယ်.... ကလေးများရံပုံငွေ စီးရီးမှာ သီချင်းတစ်
ပုဒ်ဆိုပေးထားတယ်ပြောတယ်...။ ရိုက်ကူးရေး အဖွဲ့တွေကတော့ ကြိုရောက်နှင့်ပြီ... သူ့ရဲ့ သက်တော်စောင့် နှစ်ယောက်ကိုတော့
ရိုက်ကွင်းထဲကို ကြိုလွှတ်ထားတယ်တဲ့..... ဂျူတီ မ၀င်သေးတဲ့ ကျွန်တော့်ကို မင်းသမီးကြိုပြီး အပိုင်တွက်ထားတာကို မအံ့သြပါဘူး
ကျွန်တော်ကိုယ်တိုင်လည်း မင်းသမီးနဲ့ ပါတ်သက်တဲ့ ကိစ္စတွေကို မျက်ချေ ပြတ်လို့ မရတော့ဘူးလေ.. ။ သီးသန့် တာဝန်မခံရသေး
တာကိုပဲ ကျေးဇူးတင်ရမလိုလိုပေါ့.....။
အိမ်ကနေ စထွက်ကတည်းက ဒရိုင်ဘာ ချာတိတ်က တောင်ဘက် ဟိုင်းဝေး လမ်းမကြီးကနေ မောင်းလာခဲ့
တာ..... ဒီလိုမနက်ပိုင်းတွေမှာတော့ မြို့တွင်း လမ်းတွေကတော့ ယာဉ်ကြော ပိတ်ဆို့နေလောက်ရောပေါ့..... (၇)မိနစ်လောက် ကား
မောင်းပြီးတော့... Gulfport Centle Restaurant - 3 ကိုရောက်တယ်... အားလုံး မနက်စာ စားကြတယ်... မင်းသမီးကတော့
အီလည်လည်ဖြစ်နေလို့တဲ့ ဆန်းကွစ် ဖျော်ရည်နဲ့ ပေါင်မုန့်တစ်ချပ်ပဲစားလိုက်တယ်... ကျွန်တော်ကတော့ နက်စ်ကော်ဖီပဲပေါ့...၊ ကျန်
တာလည်း ဘာမှ သိပ်မစားတတ်ဘူးလေ......။ သူတို့ စားနေကြတုန်း ကျွန်တော်ကားထဲပြန်ဝင်ပြီး ဖုန်းဆက်သလိုလို လုပ်ရင်း ကား
ထဲမှာ ရှာဖွေနေမိတယ်.... ကားအမိုး....၊ မင်းသမီးထိုင်တဲ့နေရာ ကူရှင်.... စီယာတိုင်.... ဒက်ရှ်ဘုတ်၊ နေကာ၊ တံခါး... အကုန်လုံးနီး
ပါး မျက်မြင် ကြည့်မိတယ်... မသင်္ကာစရာ ဘာမှ မတွေ့ရဘူး... အီတာ လမ်းမှာပြောခဲ့တာက ဒရိုင်ဘာကောင်လေးက ဒီကားကြီးကို
သူ့ချစ်သူလိုပဲတဲ့ အမြဲ တသသ လုပ်နေတာတဲ့...။ ဒါဆိုရင်တော့ တော်ယုံလူ ကပ်လို့ မရဘူး ဆိုတဲ့သဘောပါ့... ကောင်လေးဂရုစိုက်
ထားမယ်လေ.....။
သူတို့ကိုစောင့်ရင်း (၁၀)မိနစ်လောက် အချိန်ရတော့ ကားကို မျက်မြင်စစ်ဆေးနိုင်ခဲ့ပေမဲ့ Unseen တွေလည်း
ရှိနေနိုင်သေးတယ်....။ သူတို့ပြန်လာတော့ ကျွန်တော်ဖုန်းဆက်ချင်ယောင်ဆောင်နေလိုက်တယ်၊ အဲဒီကနေ ရေကန်ကြီးအထိ (၂)
နာရီလောက်မောင်းရတယ်... ဟိုင်းဝေးလမ်းမကြီးတွေမှာ စိတ်ကြိုက်မောင်းနိုင်ပေမဲ့... မြို့တွင်းမှာတော့ သတ်မှတ်မိုင်နှုန်းကျော်လို့
မရဘူးလေ..... စက်တွေ CCTV တွေနဲ့ ဖမ်းထားတာ ပြေးလို့ကို မလွတ်ဘူး... ကောင်လေးကလည်း ကားမောင်းတာတော်တော်ကို
ကျွမ်းကျင်ပါတယ်။ ငြိမ်းညောင်းတယ်... သေချာတယ်။ ဒါပေမဲ့ လျှပ်တပြက် အရေးပေါ်အတွေ့အကြုံ ရှိမှာတော့ မဟုတ်လောက်ဘူး
နောက်မှ တဖြည်းဖြည်းသင်ပေးရဦးမယ်... ဌာနမှူးလောက် မမောင်းနိုင်ပေမဲ့ ကျွန်တော်လည်း ကားကို စက်ဘီးသုံးသလိုတော့ သုံး
နိုင်ပါသေးတယ်... အရေးပေါ်အတွက်ပေါ့.....။
Lake Pontcharain ရေကန်ကြီးကိုရောက်တော့ မင်းသမီးအတွက် ရိုက်ကွင်းက အသင့်.. အဲဒီမှာမစ္စတာ
စမစ်နဲ့ သက်တော်စောင့်(၂)ယောက်ကိုလည်း အသင့်တွေ့ရတယ်..။ ကျွန်တော်ကတော့ မသိသလိုနေပေမဲ့.. ကိုယ်ရံတော် (၂)ဦးက
သိပ်မကြည်လင်သလိုကြည့်နေကြတယ်...။ သိပ်တော့ ဂရုစိုက်စရာ မရှိပါဘူး၊ ဒီကောင်တွေက ကျွန်တော့်အတွက်တော့ အန္တရာယ်
ပေးနိုင်တဲ့ အဆင့်မဟုတ်ပါဘူး... ကလေးသာသာပေါ့...။
ဝန်းကျင်နဲ့ ရိုက်ကွင်းကို သေသေချာချာ တစ်ပတ် ပတ်ကြည့်လိုက်တယ်..... သေချာလောက်တဲ့ ပစ်ကွင်း
မရှိဘူး.... နောက်ပြီး ရုပ်ရှင်အဖွဲ့သားတွေလည်း သူ့အလုပ်နဲ့သူ ရှုပ်နေကြတယ်...။ မသင်္ကာစရာ မတွေ့ပါဘူး.... နောက်ပြီး မစ္စစ္စပီ
ရဲတပ်ဖွဲ့က လူအင်အား (၃၀)လောက်နဲ့ လှည့်ကင်းယာဉ်၊ အရေးပေါ် ရှင်းလင်းရေးယာဉ်နဲ့ လူနာသယ်ယာဉ်တွေလည်း စီစဉ်ပေး
ထားတယ်.... နောက်ပြီး NGO အဖွဲ့တွေလည်း တွေ့ရတယ်...။ သတ်မှတ် ကဒ်တွေကိုလည်း ကိုယ်စီချိတ်ဆွဲထားပြီး... အဖွဲ့လိုက်
တူညီတဲ့ အပေါ်ဝတ် အင်္ကျီတွေလည်း ၀တ်ထားကြတယ်... စိတ်ချရတဲ့ အနေအထားပါပဲ....။
မင်းသမီးက ကလေးသူငယ်လူကုန်ကူးမှုကိုအခြေခံတဲ့ သီချင်းလေးတစ်ပုဒ်ကို ဇာတ်ဝင်ခန်းမှာထည့်သွင်း
ရိုက်ကူးနေတယ်...။ မင်းသမီးရဲ့ သရုပ်ဆောင်မှုနဲ့ ကလေးသူငယ်လေးတွေရဲ့ သရုပ်ဆောင်မှု.... နောက်ပြီး ဒါရိုက်တာရဲ့ ညွှန်ကြား
မှုနဲ့ ရုပ်ရှင်အဖွဲ့သားတွေရဲ့ ဆောင်ရွက်မှုတွေက ကြည့်လို့ မရိုးနိုင်အောင်ပါပဲ... ရိုက်ကွင်းကိုလည်းကြည့်ရင်း.... သရုပ်ဆောင်တာ
Lake Pontcharain တံတားကြီးကိုလည်း ကြည့်ရင်းနဲ့ မြန်မာပြည်ကစစ်ကိုင်းတံတားကြီးနဲ့ စစ်တောင်းတံတားကြီးတွေကိုသတိ
ရမိသေးတယ်။ တံတားကြီးက ရေကန်ကြီးထဲကို ထိုးဝင်သွားတာ ကမ်းစပ်ကို မမြင်ရဘဲနဲ့ ရေထဲမှာတင် ပျောက်သွားတယ်။ ဒီလို
ကင်မရာအကြီး (၃)လုံး.... အသေး(၁၀)လုံးလောက်နဲ့ (၄)ကြိမ်လောက် အပြန်ပြန် အလှန်လှန်ရိုက်ပြီး
တော့... ရေကန်ကြီးမှာ ရိုက်တဲ့ မင်းသမီးရဲ့ ဇာတ်ဝင်ခန်းက ပြီးသွားပြီ....။ အချိန်က ညနေ(၄)နာရီထိုးတော့မယ်.. အပြန်(၆)နာရီ
ကျော်ကျော်လောက်မှ အိမ်ပြန်ရောက်တော့မယ်....။ အိမ်ရောက်ရင် မင်းသမီးက ညစာ အတူစားခိုင်းဦးမှာလား...လို့ မဆီမဆိုင်
အတွေးလှလှလေး တွေးဖြစ်သေးတယ်..။ တာဝန်တွေကြားထဲမှာ ကွဲပြားခြင်းတွေတစ်ပွေ့တပိုက်နဲ့ မင်းသမီး ၀င်ရောက်လာမှာကို
ဘာကြောင့်များ ကျွန်တော် ကြောက်နေမိပါလိမ့်....။
No comments:
Post a Comment