ကွန်ဆူးမား
Sunday, January 27, 2013
Thursday, January 24, 2013
နေမင်းနှင့် လမင်းထက်သာလွန်သော...
ဒီနေ့..... ရေခဲမုန့်လေးတွေ့တာနဲ့ ၀ယ်ပြီး အားရပါးရ တစ်ဇွန်း ခပ်စားလိုက်တယ်... ကျင်ကနဲဖြစ်သွားတယ်....။
စားနေတာကို ချက်ချင်းပဲ ရပ်လိုက်ရတယ်... အော်... သွားတွေ ခံနိုင်ရည် နည်းနေပါပြီကော....လို့။
ဆရာကြီး သိပ္ပံမောင်ဝနဲ့ သူ့ သားလေးရဲ့ စာကလေးအကြောင်း အမေးအဖြေကဏ္ဍမှာ အိမ်ရှေ့က ဖြတ်သွားတဲ့
အိုက်စ်ခရင်မ်သည်ကြီး ကယ်လို့ ဆရာကြီး အသက်ရှူ ချောင်သွားရတယ်ဆိုတဲ့ အကြောင်းလေး ငယ်ငယ်ကဖတ်ဖူးတော့ မဆီမဆိုင်
ကလေးငယ်လေးတွေရဲ့ စူးစမ်းတတ်တဲ့အကျင့်နဲ့ အိုက်စ်ခရင်မ်လို့ ခေါ်တဲ့ ရေခဲမုန့်လေးကို အရွယ်သုံးပါးကြိုက်တတ်တာလေး သတိ
ရမိသေးတယ်... တကယ်တော့ ကျွန်တော်တို့ရဲ့ အသက်အရွယ်(ကျွန်တော်တို့အသက်အရွယ်တော်တော်များများကိုဆိုလိုပါတယ်) ကို
အိုက်စ်ခရင်မ်လေးတွေတောင် လက်မခံတော့ပါလားလို့....။
Tuesday, January 22, 2013
ဗားရှင်းအသစ်နဲ့ ဆော့ဝဲ
ချစ်ခြင်းအားဖြင့်.......
ကြေကွဲ၊ ၀မ်းနည်း
ကြည်နူး ချမ်းမြေ့
တစ်နေ့ပြီးတစ်နေ့ မြင်တွေ့နေရလို့
ပရိုဂရမ်မာတစ်ယောက် မဟုတ်ပေမဲ့
သေချာတဲ့အထောက်အကူပြု
ဆော့ဝဲလေးတစ်ခုတော့
ရေးဖွဲ့ချင်မိပါရဲ့.....။
နောက်ဆုံးမှာ ကြိုးစားရင်း
ဗားရှင်းအသစ်နဲ့ ဆော့ဝဲလေးတစ်ခု ရေးထားတယ်
အမည်ဆန်းဆန်းနဲ့ လန်းလန်းပေးချင်လို့
ဟိုဟိုသည်သည် စဉ်းစားရင်း
``နားလည်မှု´´လို့ ပေးလိုက်တယ်။
ဒီဆော့ဝဲလေး သွင်းလိုက်တဲ့အခါ
အတ္တတွေ ကွာကျသွားလိမ့်မယ်...
အခြေမမှန်ရင် ရပ်တည်ခြင်းဝင်းဒိုးတွေကျ
ဟက်ဒစ်ကြီးတစ်ခုလုံးလဲ ကြွသွားမယ်နော်....။
ဒါပေမဲ့ မပူပါနဲ့ -
တစ်ခါလောက် ထည့်သုံးထားယုံမျှနဲ့
တစ်ဘ၀လုံး လှပစေရမယ်လို့
ကျွန်တော် အာမခံပါတယ်...။
Monday, January 21, 2013
ကျွန်တော် စိတ်ပျက်မိသော သတင်းကဏ္ဍ......
``ပြည်သူတွေ သတင်းအမှန် သိရှိပိုင်ခွင့်ရှိတဲ့ အခွင့်အရေးကို လေးစားလိုက်နာသွားမယ်လို့ ဒီကနေ့ ရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာညီလာခံမှ
ပုံနှိပ်မီဒီယာ၊ ရုပ်/
အထက်ပါ သတင်းလေးကတော့ ၂၀၁၂ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံသတင်းစာဆရာအသင
ညီလာခံရဲ့ သတင်းလေးကို VOA မှာဖော်ပြထားတာပါ.....။
ဒီသတင်းလေးကို ဖတ်ကြည့်မိတဲ့အခါမှာ အင်မတန် စိတ်ချမ်းသာခဲ့ရတယ်
..... လို့ ဦးစွာဆိုချင်ပါတယ်။
သို့သော်...... သေသေချာချာ ဖတ်ကြည့်တော့ သတင်းစာဆရာအသင်း
ဖြစ်နေပြီး ဂျာနယ်ဆရာတွေ မဟုတ်ဘူးဖြစ်နေတယ်ဗျ....
အော်..... ဒါကြောင့် ဂျာနယ်တွေက သူတို့တင်ချင်တဲ့ သတင်းတွေကိုချည်း
စွတ်တင်နေတာပါလားလို့.... နားလည်လိုက်မိတယ်...။
အထက်ပါ ညီလာခံကျင်းပပြီးစီးခဲ့တဲ့ (၃)လတာ ကာလအတွင်းမှာ
မြန်မာနိုင်ငံမှာလည်း တော်တော် ဆိုးဆိုးရွားရွား အခြေအနေတွေ ဖြစ်ခဲ့
တယ်...။
KIA နဲ့ တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်တယ်....။
ဖြစ်ခဲ့သမျှ သတင်းတွေကို ဂျာနယ်တွေမှာ ဖတ်ကြည့်တော့လည်း KIA တပ်စခန်းကနေ ရိုက်ပြီး တင်ထားတဲ့ပုံတွေ... ပြီးတော့လိုရာဆွဲယူပြီး
တင်ထားတဲ့ သတင်းတွေ ဖြစ်နေတယ်ဗျ...
အွန်လိုင်းသတင်းတွေ ပိုဆိုးတာပေါ့ဗျာ....
ဒါပေမဲ့ သူတို့ သတိမထားမိလိုက်တာက ကန့်သတ်ဧရိယာထဲမှာ ဒီလောက်
လွတ်လွတ်လပ်လပ် သတင်းရယူနိုင်ခဲ့သလားလို့ စာဖတ်သူတွေ တွေးမယ်
ဓါတ်ပုံတွေကို ကြည့်ပြီး မှားကွက်တွေကို ရှာလိမ့်မယ်ဆိုတာ သတိမထား
မိခဲ့ကြဘူး...။
နောက်တစ်ခုက KIA မိုင်းခွဲလို့ ဘယ်နေရာမှာ ဘာတွေဖြစ်တယ်... ဘယ်သူ
တွေဒဏ်ရာရတယ်...။ ဘယ်လောက်ပျက်စီးဆုံးရှုံးသွ
မပါဘူးဗျ....။
အစိုးရမီဒီယာနဲ့ အစိုးရလိုလားသူတွေ တင်တဲ့ စာမျက်နှာတွေမှာသာ တွေ့ရ
တယ်...။ ဒါတောင် အစိုးရပိုင် သတင်းစာကို ဖျက်သိမ်းသင့်တယ်.. ကမ္ဘာမှာ
ဘယ်နိုင်ငံမှ မရှိဘူးလို့ လုပ်ကြသေးတယ်...။
ဖျက်ချင်မှာပေါ့... ဒါမှ ပြည်သူတွေကို ထင်ယောင်ထင်မှားနဲ့ အစိုးရကိုတိုက်
ခိုက်.... ဆူပူမှုတွေ ဖြစ်အောင်ဖန်တီး... ပြီးရင် လူတွင်ကျယ်တက်လုပ်.....
နေရာယူ... လုပ်ချင်ကြတယ်လို့ပဲ မြင်တော့တယ်..။
အမှန်အတိုင်းပြောရရင် စစ်ဖြစ်နေတဲ့ ဧရိယာမှာ ရှိတဲ့ ပြည်သူတွေရဲ့ အခြေ
အနေအမှန်ကို တကယ်သိချင်ခဲ့တာ...
စားစရာရှိရဲ့လား....
ကူးစက်ရောဂါတွေ ဖြစ်နေပြီလား....
ကလေးတွေ ဒီပရက်ရှင်ဝင်နေပြီလား....
အဖေ အမေတွေ အတင်း စစ်တိုက်ခိုင်းတာ ခံနေရပြီလား....
နွေးနွေးထွေးထွေး လုံလုံခြုံခြုံ ခိုအောင်းနိုင်ရဲ့လား..... စသည်ဖြင့် စသည်ဖြင့်
ပေါ့... ဒါပေမဲ့ ဒီသတင်းတွေကို တန်ဘိုးရှိရှိ မဖတ်ရဘူး... လုပ်ကြံရုပ်သံတွေ
ဖန်တီးဓါတ်ပုံတွေနဲ့ တရားမ၀င် ၀ါဒဖြန့်မှုတွေကိုပဲ ဖတ်နေ တွေ့နေရတယ်..။
ဆက်သွယ်ရေး လမ်းကြောင်းတွေ ၀င်ပြီး ဖြတ်တောက်ထားတယ်....
အင်အားနည်း ရုံးဌာနတွေကို ၀င်တိုက်ခိုက်တယ်...။
ခရီးသွားတွေကို ဓါးပြတိုက်တယ်။
ရွာသားတွေကို ဖမ်းတယ်... ဆိုတာတွေကဂျာနယ်တွေမှာ မရှိသလောက်ကို
ရှားရှားပါးပါး ဖတ်နေရတယ်....။
သေချာတာကတော့ သူတို့ အခြေပြုရာ... အရပ်သားတွေရှိနေတဲ့ နေရာကို
စစ်တပ်က လက်က်ကြီးတွေနဲ့ မပစ်ခတ်ခဲ့ဘူးဆိုတာကိုတော့ ကိုယ့်သဘောနဲ့ကိုယ် ရဲရဲကြီးပြောရဲပါတယ်....။
ဘာကြောင့်လဲ ဆိုတော့ တကယ်သာပစ်ခတ်ခဲ့ရင်....
နိုင်ငံခြားသတင်းထောက်တွေရေ
ပြည်တွင်းရိုက်စား သတင်းထောက်တွေရော...
နောက်ပြီး (၈၈)ဆိုတဲ့ စေ့စပ်ရေးလား ငြိမ်းချမ်းရေးလား ဒီအဖွဲ့တွေ
ပြေးလို့ လောက်တောင် လောက်မှာ မဟုတ်ဘူး... ဖနောင့်ကြါက်မြီးတန်းနေ
အောင်ကိုပြေးမှာ.... (တကယ်ပြောတာဗျ... သူတို့ပြေးတတ်တယ်.. ဒါကြောင့် ဒီနေ့အထိ ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေတာပေါ့....)
ပြီးရင် ကျရောက်ပေါက်ကွဲတာတွေ...
ထိခိုက်ဒဏ်ရာရတာတွေကို တင်ပြလိုက်မဲ့ အမျိုး....
ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေမှာပေါ့......
အခုတော့ မရေမရာ လုပ်ကြံရုပ်သံတွေလောက်ပဲ မြင်ရတယ်...
ကျောင်းစိမ်းတွေရော... အနွေးထည်မပါတာတွေရော... ဂြိုလ်တု ဖုန်းတွေ
ရော... ဒီအတိုင်းရပ်ထားတဲ့ ကုန်တင် ဆိုင်ကယ်တွေရော...ပေါ့ဗျာ..
ပြောရရင် လုပ်ကွက်တော်တော်အားနည်းတာ တွေ့ရတယ်...
တစ်ချက်တည်း ကြည့်တာနဲ့ လိမ်ထားတယ်ဆိုတာ သိရတယ်လေ...
တကယ်တော့ တိုင်းပြည်ရုပ်ရုပ်သဲသဲ ဖြစ်တဲ့ သတင်း.....၊ အစိုးရ၊ ဌာနဆိုင်
ရာ၊ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက မဟုတ်တရုတ် လုပ်တယ်ဆိုတဲ့ သတင်းတွေ
ထည့်နိုင်မှ ရောင်းကောင်းတယ်လို့ ယူဆနေပုံပါပဲ....။
ဒီကြားထဲ ငြိမ်းချမ်းရေးအတွက်လည်း ခဏခဏ ဆန္ဒပြကြတယ်... ငြိမ်းချမ်း
ရေးအတွက် ပြတဲ့ ဆန္ဒပြပွဲတွေကို ကြည့်လိုက်တိုင်း ငြိမ်းငြိမ်းချမ်းချမ်းတော့
မတွေ့ရဘူးဗျ.... လာဖမ်းရင် ရင်ဆိုင်မယ်တို့... ကိုယ်ကျိုးလုပ်နေတာမဟုတ်
ဘူးတို့..... ဥပဒေကြောင်းအရ တို့ ဒါတွေပဲ ထပ်နေတယ်....
ဒီလောက်တောင်ပဲ မျိုးချစ်စိတ်တွေ ထက်သန်နေပြီး ကိုယ်ကျိုးစွန့်နေနိုင်ကြ
ပြီလား တွေးတောစရာတွေ စဉ်းစားစရာတွေ တော်တော်များလာတယ်ဗျာ။
နောက်ပြီး ဒီလို ငြိမ်းချမ်းရေးအတွက် သီးသန့် အချိန်တွေ ပေးနိုင်ဖို့ မိသားစု
တွေလည်း ပြည်စုံကုံလုံကြွယ်ဝနေကြပြီ
ဒီကြားထဲ နိုင်ငံရေး သြဇာတိက္ကမရှိတဲ့ ဂုရုကြီးတွေကလည်း... ဗုဒ္ဓဘာသာ
ပီပီ ပစ္စုပ္ပန်ကို တည့်တည့် ရှုပါ..... မေတ္တာထားပါ...၊ အလုပ်ကိုကြိုးစားလုပ်ပါ...၊
အနာဂတ်ရင်သွေးလေးတွေကို မြှင့်တင်ပါ စသဖြင့် လောကကို စောင့်ရှောက်
ချင်တဲ့ စကားတွေ တစ်ခါမှ မပြောဘူး....။
လက်ရှိအုပ်ချုပ်သူတွေကိုလည်
စကားတွေလည်း တစ်လုံး မပြောဘူး...။
ဆန့်ကျင်ကြ... တိုက်ခိုက်ကြ..... ဖော်ထုတ်ကြ... လူ့အခွင့်အရေး...
ဒီလိုဟာတွေပဲ ပြောပေးနေတယ်... မယောင်မလည်လေးတွေက
သူတို့ပြောသမျှ လုပ်.... လုပ်နေရင်းနဲ့ ထောင်တွေကျ... ဘ၀တွေပျက်
သူတို့ကတော့ ခုထိကို ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးနေဆဲပဲ....
အမှတ်တရတော့ တစ်ခါတလေ
ဂုဏ်ပြုပွဲလေး လုပ်ပေးတယ်.. ကျေးဇူးတင်ကြောင်းပြောပေးတယ
တကယ်ဆုံးရှုံးလိုက်ရတဲ့ မိသားစုတွေကိုတော့ မသိတော့ဘူး...
ငြိမ်းချမ်းအောင် နေထိုင်ရမဲ့ခေတ်မှာ.... ဆူပူအောင် ခံစားချက်တွေနိုးကြွ
အောင်ပဲ လှုံ့ဆော်နေကြတယ်....။
တကယ်တော့ လူဆိုတာ သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ ကိုယ်ပဲလေ....
ကိုယ်ချင်းစာတတ်ရင်တောင်မှပ
ကိုယ်ကနိုင်ငံရေးသမားဖြစ်နေ
မရဘူး.... ဆရာဝန်လည်းလိုတယ်...အင်ဂျင်
ဘက်စုံလိုတယ်.... သူတို့တွေကို မှန်ကန်တဲ့ အသိအမြင်တွေ... တစ်ဦးချင်း
တစ်ယောက်ချင်း အရည်အသွေးနဲ့ နည်းလမ်းမှန်ကန်တဲ့ စိတ်ဓါတ်တွေ
သွပ်သွင်းပေးနိုင်ဖို့ လိုတယ်....။
တကယ်တော့ သတင်းကဏ္ဍဆိုတာ... တိုင်းပြည်ကို ထောက်မတ်ထားတဲ့
စတုတ္ထမဏ္ဍိုင်ပါပဲ....။
အခု မြန်မာပြည်မှာ စတုတ္ထမဏ္ဍိုင်ပြိုလဲ ချင်နေပြီ......
ဘယ်လို ထိန်းမတ်ကြမလဲ... စဉ်းသာ စဉ်းစားပေတော့....
တစ်ခါကတော့ လူထု ဦးလှက လူထုဒေါ်အမာကို မီးလောင်တဲ့ သတင်းလေးနဲ့
ပတ်သက်ပြီး ဆူထားတာလေး ဖတ်ဖူးတယ်.... (သိချင်ရင်တော့ ရှာဖတ်ကြ
သတင်းစာ ဆရာဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဆုံးမခဲ့တဲ့ စကားလေး)
သတင်းဌာနဆိုတာကတော့ ခေတ်အဆက်ဆက် ဘယ်နိုင်ငံမှာမဆို
ငွေနဲ့ ရင်းပြီးဝယ်လို့ရတယ်.... လိုရာသတင်းကို ဖော်ပြစေနိုင်တယ်
ဒါကြောင့်လဲ နိုင်ငံတကာမှာ သတင်းမှားရင် မချိမဆံ့ ဒဏ်ရိုက်တာ...
ထောင်ချတာထက် ဒဏ်ငွေရိုက်တာ လျော်ကြေးပေးဆောင်စေတာက
သတင်း အရင်းအမြစ်ကို ပိုပြီး ခိုင်မာ မှန်ကန်စေနိုင်မည်ဖြစ်ကြောင
တင်ပြရင်း........
(ကွန်းဆူးမား)(၂၁-၁-၂၀၁၃)
Sunday, January 20, 2013
ကျွန်တော်သိသမျှ.... အဘိုးသို့ တမ်းတခြင်း
အတ္တတွေ ဖြန့်ကျဲ
ကမ္ဘာမြေပေါ်မှာ ငါတို့ ရဲရဲကြီး ရပ်နေကြတယ်...။
ဘာကြောင့်လဲ ?...။
တစ်ခါက...
ဒို့ မြင်လွှာရဲ့ အထက်
မြန်မာတွေရဲ့ အသက်ဆိုတဲ့
ဗိုလ်ချုပ်အောင်ဆန်းကို
ဝါတာတာ တမာတွေကြားက
Saturday, January 19, 2013
အေးမြသော လက်ဆောင်....
`` သားကြီး ကျောင်းဘယ်အချိန်လဲ... ဖေဖေပို့ပေးမယ်လေ....´´
`` ရတယ်ဖေဖေ (၁၀)နာရီကနေ (၁၂)နာရီအထိ ဆရာမက မနက်ပိုင်း ဘုရားသွားမယ်ပြောတယ်...။ ဆရာမ
မွေးနေ့တဲ့.. သားတို့ကို နေ့လည်စာလည်း ကျွေးမယ်တဲ့.... ဖေဖေမပို့နဲ့တော့ ရတယ်... သားလမ်းလျှောက်သွားလိုက်မယ်...ဖေဖေ
ပင်ပန်းပါတယ်...´´
သားကြီးရဲ့ စကားလေးကြားရတာ.... ကျွန်တော် အားမရှိပေမဲ့ အမောပြေပါတယ်...။ သားကြီး မျက်နှာကိုကြည့်
ရတာ တစ်ခုခုကို ဖုံးကွယ်ထားပုံပါပဲ....။
ရောင်စုံခဲတံလေးများ.....
ဘ၀မှာ ပျော်ရွှင်စရာတွေ သိပ်မရှိခဲ့ပါဘူး.... ရှိခဲ့တဲ့ ပျော်ရွှင်စရာလေးတွေကိုလည်း သိပ်ပြီး မမှတ်မိခဲ့ဘူး။
သမားရိုးကျ ဖြတ်ရိုး ဖြတ်စဉ်အတိုင်းပဲ ဖြတ်သန်းကြီးပြင်းခဲ့တယ်ဆိုပါတော့....
တစ်ခါတလေကျတော့လည်း ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ ဘ၀ကို ကိုယ်တိုင် မကျေနပ်ချက်လေးတွေ
ရှိနေတတ်ခဲ့ပြီ...
နေ့စဉ် ဖြတ်သန်းမှုတွေထဲက မပြေလည်မှု တစ်ခုကို စဉ်းစားနေတုန်း....
Subscribe to:
Posts (Atom)