Monday, December 24, 2012
ချစ်သူ ဆန်တာကလော့....
``ဒေါက်......ဒေါက်...... ဒေါက်´´ ခပ်ပြင်းပြင်း..... တံခါးခေါက်သံကြောင့် အိပ်ပျော်ကာနီးဆဲဆဲ
လန့်နိုးပြီး အိမ်ရှေ့တံခါးကို ဖွင့်ပေးလိုက်တယ်။ ဆန်တာကလော့ကြီး...... ရုတ်တရက်ဆိုတော့ အံ့အားသင့်
သွားတယ်။ သေသေချာချာကြည့်မှ ``သဇင်´´ လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ ခရစ္စမတ်ပွဲကနေ လမ်းခွဲပြီး
ပြန်ခဲ့ကြတာ ညနှစ်နာရီလဲထိုးနေပြီ။သီချင်းတွေဆိုထားကြလို့ လည်ချောင်းလည်း နာနေပြီ။ သူ တစ်ခေါက်
ပြန်ရောက် လာတယ်။ ကျောမှာလဲအထုပ်ကြီး တစ်ထုပ်နဲ့ ကစားစရာတွေ လက်ဆောင်တွေ ထည့်ထားတာ ထင်တယ်။
``ရော့...´´ လှမ်းပေးလိုက်တဲ့ လက်ဆောင်ကို ကြည့်လိုက်တော့ သံစုံမြည်တဲ့ နှိုးစက်နာရီ
သေးသေးလေး...ဆန်တာကလော့ ရုပ်ကလေးနဲ့.... ပြီးတော့ `` ကြိုက်လား´´ တဲ့ ခေါင်းညိတ်ပြလိုက်တယ် ``ဒါဆို သွားသိမ်းလိုက် ပြီးရင် လိုက်ခဲ့ဦးကွာ..... နော်တစ်ယောက်ထဲ ဖြစ်နေလို့..´´ သူက ကိစ္စမရှိ.....။ သူ့
မိသားစုကလဲ ခရစ်ယာန်တွေ..... အချင်းချင်းလဲ ပွင့်ပွင့်လင်းလင်း သူငယ်ချင်းလိုပေါင်းကြတာ ကျွန်တော်
က အဲလိုမဟုတ်ဘူး၊ ဖေဖေ့ စည်းမျဉ်းတွေကြားထဲမှာ ရှင်သန်ရတာ၊ ကိုးကွယ်ရာ ဘာသာချင်း မတူပေမဲ့ လည်း မိဘချင်းကလဲ ရင်းနှီး၊ သူငယ်ချင်း အချင်းချင်းကလဲ ငယ်ပေါင်းတွေ...။ နောက်ပြီး ဂစ်တာလေး ဘာလေး တီးတတ်တော့လည်း သူ့အိမ်မှာပဲဖြစ်ဖြစ်၊ ဓမ္မတေး လှည့်လည် သီဆိုရာမှာပဲ ဖြစ်ဖြစ် ပါနေကျ
လေ....။ ခရစ်ယာန်မဟုတ်တဲ့ သူငယ်ချင်းတွေ တော်တော်များများ ပျော်ရွှင်ခဲ့ဖူးကြတယ်....။ အခု သူ အဖော်ခေါ်နေပြန်ပြီ။ တိုးတိုးတိတ်တိတ်အနွေးထည်ဝတ်၊ ခေါင်းစွပ်လေးစွပ်ပြီးတော့... သူ့နောက်ကလိုက်
လာခဲ့ရတယ်....။ သူကတော့ ဆန်တာကလော့အကျီ င်္နဲ့၊ ဆန်တာကလော့ ခေါင်းစွပ်နဲ့၊လက်အိပ်နဲ့...။
မုတ်ဆိပ်ဖြူဖြူ၊ နှုတ်ခမ်းမွှေး ဖြူဖြူတွေနဲ့ ရယ်ချင်စရာကောင်းပေမဲ့..ချစ်စရာလည်းတော်တော်
ကောင်းခဲ့တယ်လို့ထင်မိတယ်။ ဟိုး လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကပေါ့။ အိမ်တွေရဲ့ တံခါးဝလေးတွေ၊ ပန်းအိုး
လေးတွေကြားမှာနဲ့ဝရန်တာတွေမှာအမှတ်တရလက်ဆောင် အရုပ်ကလေးတွေ လိုက်တင်ပေးရင်းမနက်
လေးနာရီထိုးခဲ့တယ်။ မှတ်မှတ်ရရ မနက်ကျတော့ နှစ်ချက် အတီးခံလိုက်ရတယ်...။ မပြောပဲနဲ့တစ်ညလုံး
လျှောက်သွားလို့ ဖေဖေမှတ်ပုံတင်လိုက်တာလေ...။
ကျောင်းပြီးတော့......... သူငယ်ချင်းတို့ နိုင်ငံခြားကို ထွက်သွားကြတယ်....။ ခရစ္စမတ်တွေ
လဲ အကြိမ်ကြိမ်ကျော်လွန်ခဲ့တယ်......။ ဆန်တာကလော့ကြီးရယ်၊ ဓမ္မတေးတွေရယ် ချစ်သူရယ် အတူတူ ဘ၀ထဲက ထွက်သွားကြတယ်။ အမှတ်တရတွေ၊ ပုံရိပ်တွေ မြတ်နိုးခြင်းတွေရယ်။ နှစ်ပေါင်းများစွာလည်မှာ
ဆွဲထားခဲ့တဲ့ ချစ်သူပေးခဲ့တဲ့ လက်ဝါးကပ်တိုင်လေးသာ အခုထိကျန်ရစ်နေခဲ့တာပါ....။
ခရစ္စမတ်ရောက်တိုင်း၊ နှင်းတွေကျတိုင်း လွမ်းနေတယ်.....။ ချစ်သူလို့ သတ်မှတ်ထားပေမဲ့
လည်း တကယ်တမ်းကတော့အခင်မင်ဆုံး သူငယ်ချင်းအနေနဲ့ပါပဲ...။
သူတို့ နိုင်ငံခြားကို ထွက်မသွားခင်မိသားစုနှစ်ခုဆွေးနွေးဖြစ်ကြတယ်လို့ ပြောတယ်၊ နေရာ
ချပေးပြီးတဲ့အထိဆွေးနွေးလို့ရသေးတယ်။ နောက်ပြီး...... မျိုးဆက်သစ်တွေ မွေးဖွားလာရင် ဆိုတဲ့ နေရာ
အရောက်မှာ.. နှစ်ဘက် ညှိနှိုင်းဖို့ ရပ်တန့်ပြီးကျွန်တော့်ကို အတည်ပြုခိုင်းကြတယ်။ သူ့ကိုလည်း သူ့မိဘ
က အတည်ပြုခိုင်းခဲ့တယ်တဲ့......။
ကျွန်တော် စဉ်းစားတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဘာသာရေးကို သက်ဝင်ယုံကြည်ခဲ့တဲ့
လူလေ......။ ချစ်သူကို လွတ်လပ်ခွင့်ပေးနိုင်ပေမဲ့ ရင်သွေးတွေ အတွက်ကတော့ ခွင့်မပြုချင်ဘူး၊ သူလဲဒီလို
ပဲတဲ့ ကျွန်တော်တို့ဆွေးနွေးကြသေးတယ်။ ကလေး တွေကိုလည်း လွတ်လပ်စွာ ခွင့်ပြုနိုင်ဖို့။ ဒါပေမဲ့အဆင်
မပြေခဲ့ဘူး။ နောက်ဆုံးမှာတော့ သူတို့ မိသားစုနိုင်ငံခြားကိုအပြီး ထွက်သွားကြတယ်.....။
နိုင်ငံခြားကနေ သတိရကြောင်း၊ ခရစ္စမတ် ရောက်တော့မယ် ဆိုတဲ့အကြောင်း၊ နှင်းတွေ အဆုပ်လိုက်၊ အခဲလိုက် ကျဆင်းနေတယ်ဆိုတဲ့ အကြောင်း၊ အဆမတန် လွမ်းနေကြောင်းနဲ့ သူ့ကို အလို
လိုက်ပေးဖို့နဲ့ သူ့ကိုချစ်ရင် လိုက်လာခဲ့ဖို့တွေကိုတော့အမြဲလိုလို ပြောနေတတ်တာပါပဲ....။
ချစ်ခြင်းတရားနဲ့ ယုံကြည်မှုကြားမှာ ကျွန်တော် ရှင်သန်နေပေမဲ့ ယုံကြည်ခြင်းတွေကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ အခုလည်း ခရစ္စမတ်ရောက်ပြန်ပြီ။ သတိရနေရင်းက လည်ပင်းက လက်ဝါးကပ်တိုင်
လေးကို စမ်းကြည့်မိတယ်။ အမြဲ အတူရှိနေပေမဲ့.... နှလုံးသားနဲ့ နည်းနည်းလေး ဝေးနေတယ်လေ။
နှင်းလေးတွေကိုလည်း ချစ်ပါတယ်...။ ခရစ္စမတ်မှာလည်း ပျော်ပါတယ်...။ ဆန်တာ
ကလော့ကြီးကိုလည်းလွမ်းမိပါတယ်။ ချစ်သူကိုလည်း တမ်းတတယ်။ အေးချမ်းတဲ့ညလေးမှာတော့.......
ချစ်သူ ကိုယ်စား လက်ဝါးကပ်တိုင်လော့ကက်လေးက အရင်ထက်ပိုပြီး အေးစက်နေသလိုလိုပါပဲ....။
အချစ် စိတ်တွေဆိုတာလဲ အစကတည်းက ဒီဇင်ဘာ ဆောင်းလေးတွေလို အေးစက်
နေခဲ့ရင်....၊ နောက်ပြီး လော့ကက်လေးလို ခံစားချက်မဲ့နေခဲ့ရင်....၊ နောက်ပြီး ဆန်တာကလော့ကြီးလို
ပေးဝေနိုင်တဲ့သူသာ ဖြစ်နေခဲ့ရင်.... လို့။
ချစ်သူ (သို့) အမှတ်တရ ညလေးမှာ ဆန်တာကလော့ကြီး ပေးခဲ့တဲ့ နှိုးစက်နာရီလေး
ကလည်း ဓါတ်ခဲလေးတွေ လဲလဲပြီးသုံးခဲ့တော့အခုထိ မနက်တိုင်းသံစုံတီးလုံးလေးတွေနဲ့ချစ်သူကိုယ်စား
နှိုးနေတတ်ခဲ့တာပါပဲ။ မနက်ခင်းတိုင်းချစ်သူကိုသတိရစေတတ်ခဲ့တယ်လေ...။ ဘယ် အခြေအနေဘယ်
နေရာမှာ ဘာတွေ ဘယ်လောက်ကွာခြားနေပါစေ သတိရနေ တတ်ခဲ့ပါတယ်။
ချစ်သူရေ... နှင်းလေးတွေလို အေးမြပါစေ... ခရစ္စမတ်ညလေးတွေမှာလဲည်း ကိုယ့်ကို သတိမရဘဲနဲ့ လွတ်လပ်စွာ ပျော်ရွှင်နိုင်ပါစေလို့... အမြဲ ဆန္ဒပြုနေပါတယ်ကွာ။ ဒါ သစ္စာစကားပါနော်... ချစ်သူ ယုံကြည်နိုင်ပါစေ....။
Subscribe to:
Post Comments (Atom)
အမ်းးးးးးးးးးရေးလိုက်ရင်အဲလိုရီးပဲ...
ReplyDeleteလွမ်းပဲလွမ်းခိုင်းနေတယ်....
ဘာသာမတူတော့လဲ...ဝေးရပီပေါ့.........