ယခုအခါ မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ဘူးသေးသော `` ညှို့ ´´ ဟုအမည်ရသည့် `` လိင်ပညာပေးမဂ္ဂဇင်း´´ သည်
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ထုတ်ဝေဖြန့်ချိတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
စာပေသည် နိုင်ငံကို အကျိုးပြု၏။
စာပေသည် လူသားဖြစ်စဉ်ကို အကျိုးပြု၏။
စာပေသည် လူနှင့် လူ့ပတ်ဝန်းကျင်ကိုသာမက အနာဂတ်ကို အကျိုးပြု၏။
စာပေသည် အမျိုးဘာသာ သာသနာကို အကျိုးပြု၏။
စာပေသည် အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရားကို အကျိုးပြု၏။
စာပေသည် အထွေထွေဗဟုသုတကို အကျိုးပြု၏။
စာပေသည် အလုံးစုံပြည့်စုံသော အမြုတေဖြစ်၏။
စာပေသည်အားလုံးကို ကိုယ်စားပြု၏။
ထို့အတူ စာပေသည် အလွန်ပြင်းထန်သော အဆိပ်အတောက်လည်း ဖြစ်ပေသည်။
တည်းဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမဖြင့် ရှင်သန်နေထိုင်ကြလေသည်။ ထို့အတူ အရှက်နှင့်အကြောက် ဟူသော ဟိရိသြတပ္ပ တရား
နှစ်ပါးကိုလည်း လက်ကိုင်ထားကြလေသည်။ ရိုသေထိုက်သူကို ရိုသေခြင်း၊ ချီးမြှောက်ထိုက်သူကို ချီးမြှင့်မြောက်စားခြင်း ဟူသော
ဂါရ၀တရား နိဝါတတရားဖြင့်လည်း နေထိုင်ကြပါသည်။
ထို့အပြင်မြန်မာမှုနယ်ပယ်တွင်လျှပ်ပေါ်လော်လည်ခြင်း၊ အိနြေ္ဒမဲ့ခြင်းဟူသော အရှက်အကြောက်ကင်းမဲ့မှုအား
အပြစ်တင်ထားသည့် စကားများလည်း ရှိလေသည်။ ရင်သွေးငယ်များအား သွန်သင်ဆုံးမ ပြသခဲ့ကြပါသည်။
မြန်မာမှုနယ်ပယ်တွင် `` တော်လေးဝ´´ ဟူသော ဂုဏ်ပြုအပ်သည့် မိန်းမမြတ်တို့၏ ကြန်အင် လက္ခဏာများ၊
၎င်းတို့၏ ဆောင်ရွက်ချက်များအား စံပြု ပုံပြင်များအဖြစ် အလျဉ်းသင့်သလို ပြောဆို ဆုံးမခဲ့ကြပါသည်။
ပညာပေးစရာ အလွန်ပင်ရှားပါးနေပြီလားဆိုသည်ကို တွေးတောရတော့မည် ဖြစ်ပါသည်။ သို့သော် တိုင်ကြား၍
ကား ရနိုင် မရနိုင် မသိခဲ့ပါ။
တိုးတက်လျှက်ရှိသော ယနေ့ခေတ်လူငယ်များတွင် စာရိတ္တမဏ္ဍိုင် ယိုင်ယွဲ့နေမှုများ တော်တော်များများတွေ့မြင်
နေရပါသည်။ ဥပမာ- မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ လမ်းသရဲဆန်ဆန်ရမ်းကားခြင်း၊ ဆရာသမားနှင့် မိဘများ အကြီးအကဲများအပေါ်တွင်
`` လူ့အခွင့်အရေးတည်းဟူသော´´ တလွဲဆံပင်ကောင်းခြင်းဖြင့် မချေမငံ ဂါရ၀တရားကင်းမဲ့စွာဆက်ဆံလာခြင်း၊ ဘာသာရေးဆိုင်ရာ
အခြေခံအချက်အလက်များ သိမြင်နိုင်မှုအားနည်းလာခြင်း၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် ယဉ်ကျေးမှု အစဉ်အလာ စောင့်ထိန်းနိုင်မှုများ
တွင် အားနည်းလာခြင်း၊ အလုပ်ကို ကြိုးစား၍ တိုးတက်တတ်ကျွမ်းရန် အားထုတ်မှုများအားနည်းလာခြင်းတို့အားပညာပေးရန်များစွာ
လိုအပ်လာသည့်အချိန်တွင် ဤကဲ့သို့ `` လိင်ပညာပေး မဂ္ဂဇင်း´´ အားထုတ်ဝေဖြန့်ချိခြင်းသည် အဆိုးတကာ့အဆိုးဆုံး လုပ်ရပ်ပင်ဖြစ်
ပါသည်။
စာပေစိစစ်ရေးမရှိသော ဒီမိုကရေစီခေတ်တွင် ဦးစွာ သီးပွင့်လာသော စာပေအဆိပ်သီးကြီးပင် ဖြစ်ပါသည်။
မဂ္ဂဇင်း၏ အပြင်အဆင်နှင့် ကြော်ငြာ ကဏ္ဍအရ အရွယ်မရောက်သေးသော၊ ပညာမစုံသေးသော၊ အသိဥာဏ် မကြွယ်ဝသေးသော
ရင်သွေးငယ်များအား ဖတ်ရှုခြင်းမပြုရန် မိဘ၊ ဆရာသမားနှင့် အစ်ကို၊အစ်မတည်းဟူသောအကြီးအကဲများမှ မည်သို့မျှ တားဆီးနိုင်
မဖြစ်နိုင်ပေ။
လိင်စိတ်နိုးကြားစေသော အမူအယာဖြင့် မျက်နှာဖုံးတင်ထားပြီး ၄င်းမျက်နှာဖုံးတွင်လည်း `` အရွယ်မရောက်
သေးသူများ မဖတ်ရ၊ အရွယ်လွန်သူများ မကြည့်ရ ´´ ဟု သတိပေးရေးသားထားပါသည်။ ဤ ရေးသားချက်သည်ပင် မဂ္ဂဇင်းအောင်
မြင်မှုအတွက် အကောင်းဆုံး ကြော်ငြာဖြစ်ပါသည်။ လူအများ၏ စိတ်ဝင်စားမှုကို ဆွဲယူသွားခဲ့ပါသည်။
အရွယ်မရောက်သေးသူများ ဆိုသည်မှာ မည်သည့်အရွယ်ကို ခေါ်ဆိုပါသနည်း....၊ အသက်(၁၂)နှစ် အထက်
တွင် အချို့သော မိန်းကလေးများသည် အရွယ်ရောက်သော ပန်းကလေးများ စတင်ပွင့်လန်းကြပါသည်။ ယောက်ျားလေးများတွင်မူ
သိသိသာသာကြီး ပြောင်းလဲမှု မရှိပါ။
အသက်(၁၂)နှစ်ခန့်တွင် ပန်းကလေးများ မပွင့်လန်းသော်လည်း ခန္ဓာဗေဒ ပြောင်းလဲမှုအရ မိန်းကလေးများ၏
အတွေးလေးများ၊ စိတ်ကူးလေးများ ပြောင်းလဲလာတတ်ကြပါသည်။ အသက်(၁၂)နှစ်နှင့်(၁၃)နှစ်အရွယ်အား သမီးကညာဟုတင်စား
ကြပါသည်။ သစ်ရွက်လှုပ်တိုင်းရယ်တတ်သော အရွယ်ဟု ပြောဆိုကြပါသည်။
ဤသို့ဆိုလျှင်... မဂ္ဂဇင်း၏ ကြော်ငြာသည် စိတ်ခံစားမှု ဆန်းသစ်သော ကလေးငယ်လေးများကိုပင် ဖတ်ရှုစေ
ရန်ရည်ရွယ်ခဲ့သည်လား...။
ဥပဒေအရ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို (လူကြီးစာရင်း) ရွေးချယ်ခွင့်ရနိုင်ငံသားတစ်ဦးအဖြစ်အသိအမှတ်
ပြုထားပါသည်။ အမှန်တကယ်တွင် အသက်(၁၈)နှစ်သည် ပညာရေးဆိုင်ရာပြည့်စုံမှု မရှိသေးသောအရွယ်ပင်ဖြစ်ပါသည်။ ကျောင်းပ
ညာ မပြည့်စုံသေးသော အရွယ်ဖြစ်ပါသည်။ အမှန်တကယ်လူလားမြောက် အရွယ်ရောက်ခြင်းသည်။ ပညာရေးပြီးဆုံးသော အသက်
(၂၀)အရွယ်သာ အနည်းဆုံးဖြစ်သင့်ပါသည်။
ဤ မဂ္ဂဇင်းကြောင့် တစ်နည်းအားဖြင့် ဤ အဆိပ်သီးကြီးကြောင့် ကျွန်တော်တို့၏ အနာဂတ်ယဉ်သွေးလေးများ
ပိုးကိုက် ခြစား ခံရတော့မည်ဖြစ်ပါသည်။
ဤမဂ္ဂဇင်းကြောင့် ရှိသင့်ရှိအပ်သော အတွေးအခေါ်များ လမ်းလွဲပါတော့မည်။ အမြင်များ စောင်းပါတော့မည်။
ဆောင်ရွက်သင့်သည်များကို ချထားကာ မဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ပါတော့မည်။
အချိန်သည် အစားထိုးမရသော တန်ဘိုးဟု ခေါ်ပါသည်။ အချိန်ကို ဆုံးရှုံးရခြင်းသည် အရာအားလုံးကို ဆုံးရှုံး
ရခြင်းဖြစ်သည်ဟု ဆိုပါသည်။ အစားထိုး မရနိုင်ဟု ပြောဆိုကြပါသည်။
အချိန်ထက် တန်ဘိုးရှိသည်မှာ အတွေးအခေါ်ပင်ဖြစ်ပါသည်။ အတွေးအခေါ်ဆုံးရှုံးလျှင် ပိုင်ဆိုင်ထားသော အ
ချိန်သည်လည်း အလိုအလျှောက် ဆုံးရှုံးပြီး ဖြစ်ပါသည်။
ထို့ထက်ဆိုးသည်မှာ အတွေးအခေါ် မှားယွင်းခြင်းပင်ဖြစ်ပါသည်။ အတွေးအခေါ် မှားယွင်းလျှင် ရရှိထားသော
အချိန်အတွင်း ဆိုးရွား၍ ဆန့်ကျင်ဘက်ဖြစ်သော အလုပ်များကို လုပ်ဆောင်ပါတော့မည်။
ဤသို့လုပ်ဆောင်သူများသည်လည်း အချိန်ကာလတစ်ခုတွင် သားသမီးဘ၀မှ မိဘများ ဖြစ်လာပါတော့မည်။
အောင်မြင်မှုမရှိသော အကျင့်စာရိတ္တချို့ယွင်းသော မိဘသည် ၄င်း၏ သားသမီးများအား ကောင်းမွန်သော လမ်းပြမှုကို မပြနိုင်တော့
ပါ။ ထိုမှတဆင့် မျိုးဆက် ပျက်သုဉ်းပါတော့မည်....။
ကျွန်တော်တို့ ရပ်နေကြသောမြေကြီး၏အောက်တွင် ကျွန်တော်တို့၏ အဘိုးအဘွားများ၏ အသွေးအသားနှင့်
ကိုယ်လက်အင်္ဂါများကို မြှုပ်နှံထားခဲ့ပါသည်။
အဘိုးအဘွားတို့သည် ကျွန်တော်တို့အား ယဉ်ကျေးသော လူမျိုး၊ မေတ္တာတရားထွန်းကားသောနိုင်ငံ၊ အကျင့်
စာရိတ္တမြင့်မားသော ပုဂ္ဂိုလ်များ၊ ကိုယ်ချင်းစာတရားဖြင့် ရိုးသားသော ဂုဏ်သိက္ခာများကို ရယူပိုင်ဆိုင်စေခဲ့ပါသည်။
အသက်အရွယ်နှင့် အချိန်အခါအရ လိင်မှုဆိုင်ရာကိစ္စရပ်သည် လူသားမျိုးဆက်ပြန့်ပွါးမှုအတွက်မရှိမဖြစ် လို
အပ်ပါသည်ကို လက်ခံပါသည်။
သို့သော် အကျင့်စာရိတ္တချို့ ယွင်းနိုင်သော၊ သားနှင့်အမိမောင်နှင့်နှမ ဆွေးနွေးတိုင်ပင်၍မရ၊ ကြည့်ရှုမြင်တွေ့
ရန်မသင့်သော လိင်စေ့ဆော်မှု စာပေများအား နိုင်ငံတော်၏ အနာဂတ်အတွက် စဉ်းစားသုံးသပ်၍ တားဆီးသင့်ပါကြောင်းနှင့် စာပေ
လွတ်လပ်ခွင့်အရ ဥပဒေဖြင့် တားဆီး၍ မရနိုင်ပါကလည်း လိုအပ်သော ဥပဒေများကို ကြပ်မတ် သတ်မှတ်သင့်ပါကြောင်းခင်ဗျာ။
စိတ်ကူးလွဲလျှင် လုပ်ဆောင်ချက်လွဲမည်။
လုပ်ဆောင်ချက်လွဲလျှင် အကျိုးလွဲမည်။
အကျိုးလွဲလျှင် အပြစ်ဖြစ်မည်။
အပြစ်ဖြစ်လျှင် တစ်ဦးချင်းသော်လည်းကောင်း အများနှင့်သော်လည်းကောင်း ထိခိုက်နစ်နာဆုံးရှုံးမည်။
တိုင်းပြည်၏ အနာဂတ် ပန်းလေးများအား ထိခိုက်နစ်နာဆုံးရှုံးရလျှင် တိုင်းပြည်၏ အနာဂတ်ကို ဆုံးရှုံးရပါမည်။
ရှာနေကြပါပြီ.... သတ်မှတ် အခွန်အခသွင်းယုံမျှဖြင့် နိုင်ငံသား တာဝန်ကျေပြီဟု ယူဆနေကြပါပြီ။
`` အရွယ်မရောက်သေးသူများ မဖတ်ရ၊ အရွယ်လွန်သူများ မကြည့်ရ ´´ တားမြစ်ချက်လည်း ရေးသားထား
သည်ဟုလည်း ဖြေရှင်းချက်လည်း ပေးကြပါမည်။ အလွန်ပင်ကြောက်စရာကောင်းသော အန္တရာယ်သည် သမိုင်း၏ တောင်းဆိုချက်
အရ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာပါပြီ.... မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းကို အနက်ရောက် ကညစ်များဖြင့် စတင်ရေးသွင်းနေကြ
ပါပြီ... တောင်းပန်၍ ရမည် မဟုတ်ပါ။ စာပေလွတ်လပ်ခွင့်အရ ဆောင်ရွက်ခွင့်ရှိသည်ဟု အကြောင်းပြန်ပါမည်။
ထို့ထက်ဆိုးသည်မှာ စီးပွါးဖြစ် သရုပ်ဆောင်ခများ၊ အခွင့်အလန်းများဖြင့် အမျိုးကောင်း သားသမီးများအား
မြှူဆွယ်ကြပါတော့မည်...။
ဘုရားတနေကြမည်လား...၊ ရင်သွေးငယ်များနှင့် ပြဿနာမျိုးစုံကို မိသားစုအတွင်း ရင်ဆိုင်၍တိုက်ပွဲဆင်နွှဲ
မည်လား....၊သို့တည်းမဟုတ် ခိုင်မာသော ဥပဒေတစ်ရပ်ပြဌာန်း၍ ဟန့်တားကြမည်လား စဉ်းစားရမည်ဖြစ်ပါသည်။
မျက်မှောက် အခြေအနေတွင်ကား မြန်မာနိုင်ငံ၏ စာပေလောကတွင် အဆိပ်သင့်လျှက်ရှိပြီ ဖြစ်ပါကြောင်း။
(ကွန်ဆူးမား)(၂၇-၁၁-၂၀၁၂)
ဟုတ်တယ်...
ReplyDeleteစာပေဟာ အဖိုးတန်သလောက် အသုံးချမှုလွဲရင် အပြင်းထန်ဆုံးစာပေအဆပ်သီးပဲ...
ဟိုအရင်က ပေါ်ပေါက်ခဲ့ဖူးတဲ့ ကွန်မြူနစ်ကြေငြာစာတမ်းလိုပေါ့..
အင်း.....ရင်းလေးလိုက်တာ......။
ReplyDeleteလူမဆန်တဲ့...လူ့အတ္တသမားတွေကြောင့်...ခက်တယ်....။