`` ဆမ်ဆီယာ..... မင်းမနက်ဖြန်မနက်ကစပြီး မင်းသမီး အမ်း(မ်)ထရက် ရဲ့ Body Guard တာဝန်ယူဖို့ သူ့ကိုစပြီး
ဆက်သွယ်တော့.... ပြင်ဆင်ချိန် (၁၄)ရက်ရမယ်၊ အပြီးပြင်ဆင်ပါ၊ လိုအပ်တဲ့ကွန်ယက်ကို NSC (National Security Center) က
ယူပေါ့..... အသင့်ဖြစ်ရင် ပြန်သတင်းပို့ ချယ်နယ်လ်တစ်ခု ဖွင့်ပေးမယ်...၊ ဘာ မရှင်းတာရှိလဲ...´´
စားပွဲပေါ်မှာ တင်ပါးလွှဲ ထိုင်နေတဲ့ ဌာနမှူးရဲ့ စကားအဆုံးမှာ မျက်မှောင်ကျုံ့ ပြီး စဉ်းစားကြည့်မိတယ်...။ မင်းသမီး
``အမ်းထရက်´´ တဲ့..၊ အခုတစ်လောနံမယ်ကြီးနေတဲ့ အဆိုတော် အအောင်မြင်ဆုံး `` Beyond To Love´´ ရုပ်သံဇာတ်လမ်းတွဲရဲ့
မင်းသမီး၊ ဖေးဘရိတ်အဖြစ်ဆုံး စူပါမင်းသမီး.... သူ့ကို Guard လုပ်ပေးရမယ်တဲ့.....။
`` ပါဆင်နယ် ဖိုင် ကြည့်ချင်တယ်ဆရာ....´´
`` အိုကေ.....´´ ပြောရင်း လိမ္မော်ရောင် ဖိုင်ကဒ်တစ်ခုပစ်ပေးလိုက်တယ်....။ (၁၄)မျက်နှာရှိတဲ့ ဒီဖိုင်ထဲမှာအသက် (၂၄)နှစ်၊ အိမ်ထောင်မရှိ....၊ ဘွိုင်းဖရန့် (၃)ဦး ရှိခဲ့ ...၊ တစ်ပတ်လျှင် အနည်းဆုံး ပါတီပွဲနှင့် အခမ်းအနား (၈)ခုထိရှိ.....၊ ဖိတ်ကြားမှု
တိုင်း လက်ခံ....၊ ကမ်းထရီးတေး ဂီတကို နှစ်သက်.....၊ ကိုယ်တိုင် ရော့ခ် သီချင်းများဆို....၊ စပျစ်ဝိုင်နှင့် ငါးဥ နှစ်သက်.....၊
သာမန်အချိန်တွင် တီရှပ်နှင့် ဂျင်းပင် ၀တ်ဆင်မှုများ....၊ ရတနာပစ္စည်းများ ဆင်မြန်းခြင်း နည်းပါး.....။
လွန်ခဲ့သည့် တစ်လခန့်မှ စ၍ မသင်္ကာဘွယ်လှုပ်ရှားမှုများ တွေ့ရှိရ......။ `` Do (or) Die ´´ကို ကိုယ်စားပြုသည့်
`` D@D ´´ ကဒ်ပြားချည်နှောင်ထားသော ပန်းစည်းလေး စတင် ရောက်ရှိ....၊ အနက်ရောင် ကားတစ်စီး (၃)ကြိမ်ခန့် လိုက်ပါဘူး...၊
အိပ်ခန်း နံရံကပ် မှန်တွင် `` D@D ´´ စာတန်းအား နှုတ်ခမ်းနီဖြင့်ရေးခြစ်ခဲ့......။
ဖြစ်နိုင်ချေအရ..... ကန်ထရိုက် စာချုပ် ဖျက်သိမ်းခဲ့သော ကုမ္ပဏီနှင့် ပြိုင်ဘက် မင်းသမီး(၂)ဦးဖြစ်နိုင်.....။ ယခင်
လုံခြုံရေးသမား ကားတိုက်ခံရပြီး သေဆုံး......။ လွန်ခဲ့သည့် ရက်(၂၀)ခန့်က တေးဂီတဂရမ်မီဆုပေးပွဲ သွားရောက်စဉ် (၄)လက်မ
အရွယ် Sniper Gun ပုံ စတေကာတစ်ခု ကားမှန်တွင် ကပ်ထားခဲ့.....။
`` ဘာမေးစရာ ရှိသေးလဲ ဆမ်မာ´´ ဌာနမှူးကဆမ်ဆီယာမာတင်ဟုခေါ်သောမိမိအား `` ဆမ်ဆီယာ ´´ဟုလည်း
ခေါ်သည်၊ `` ဆမ်မာ´´ ဟုလည်းခေါ်သည်။ ဘယ်လိုခေါ်ခေါ် ကိစ္စမရှိ.....။ ဌာနမှူးနှင့် မိမိသည် အရှေ့တောင်အာရှသားချင်း တူညီ
သည်။ ဌာနမှူးသည် ဖိလစ်ပိုင်..... မိမိသည် မြန်မာ....။ မိမိတို့ နှစ်ဦးလုံး Inter Po... အဖွဲ့ဝင်များ၊ ဥပဒေဘွဲ့ရများ.... အာရှလုံခြုံရေး
အေဂျင်စီ အမှုထမ်းများ ဖြစ်ကြသည်။ ဌာနမှူးနှင့် မိမိတွဲလုပ်လာသည်မှာ (၇)နှစ်ခန့်ရှိပြီ..။ ယခင် နိုင်ငံဖြတ်ကျော်မှုခင်းဌာနတွင် (၂)နှစ်ခန့် အတူ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ထို့နောက် ဌာနမှူးက အကြမ်းဘက် နှိမ်နင်းရေးဌာနသို့ ပြောင်းရွှေ့သွားခဲ့သည်။
သိပ်မကြာမီ (၂)လခန့်တွင် မိမိ လိုက်ပါ ပြောင်းရွှေ့ ရသည်။ ထိုဌာနတွင် မိမိတို့ Sniper Gunner များ လုပ်ခဲ့ကြရသည်။ ဌာနမှူး
ပစ်လျှင် မိမိက အကဲကြည့်ရသည်။ နောက်ပိုင်း လုပ်ငန်း( ၃- ၄ )ခု ပြီးတော့မိမိကပစ်ခတ်သူဌာနမှူးကအကဲကြည့် ဖြစ်သွားသည်။
ယခု NSC ကို မိမိ အရင်ပြောင်းလာသည်..။ ဌာနမှူးက ၀မ်းသာအားရ ဂုဏ်ပြု Dinner ပွဲလေး လုပ်ပေးခဲ့သည်။
သိပ်မကြာ စီနီယာ ဖြစ်သော သူသည် NSC ( ပြည်တွင်းဌာနခွဲ )သို့ ဌာနမှူးအဖြစ် ပြောင်းရွှေ့လာပြီး မိမိတို့ကို အုပ်ချုပ်ရပါတော့
သည်....။ လုပ်ငန်းတူ ညီအစ်ကို ဖြစ်သော မိမိကို အားကိုးသည်၊မိမိပို၍ ပင်ပမ်းရပါသည်...။ ယခုလည်း မိမိ အားလပ်ရက်မပြည့်
သေးမီ ခေါ်ယူတာဝန်ပေးပြန်ပြီ။ တစ်ခုထူးခြားသည်မှာ ဤဌာနသည် လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် ကိုယ်ပိုင် သက်တော်စောင့် ငှားရမ်းနိုင်သော ဌာနဖြစ်သည်...။ လုံခြုံရေး ကွန်ယက်မပျက်ယွင်းစေပဲ Body Guard တာဝန်ကိုပူးတွဲထမ်းဆောင်ရသည်။ ဒီမို
ကရေစီစနစ်ထွန်းကားသော နိုင်ငံကြီးများတွင် အခွန်ရှောင်သော၊ ငွေမည်းများ စီးဆင်းသော...၊ နိုင်ငံရေး ပုံရိပ်ဖုံးကွယ်ထားနိုင်
သော အခြေအနေများအား အစိုးရသာမက နိုင်ငံတကာတာဝန်ရှိသူများ သိရှိထားရန် လိုအပ်လေသည်.....။
`` မရှိပါဘူးဆရာ..... ကျွန်တော်သွားလိုက်ပါဦးမယ်....´´ မင်းသမီး၏ ပါဆင်နယ် ဖိုင်ကဒ်ကို ယူ၍ ဌာနမှူး
အခန်းထဲမှ အေးအေးလူလူ ပြန်ထွက်လာခဲ့သည်..... ခေါင်းထဲမှာတော့ မင်းသမီး၏ လုံခြုံရေး စိန်ခေါ်မှု အတွေးပုံရိပ်များဖြင့်.....။
No comments:
Post a Comment