Monday, December 24, 2012

ချစ်သူ ဆန်တာကလော့....


                       ``ဒေါက်......ဒေါက်...... ဒေါက်´´ ခပ်ပြင်းပြင်း..... တံခါးခေါက်သံကြောင့် အိပ်ပျော်ကာနီးဆဲဆဲ
 လန့်နိုးပြီး အိမ်ရှေ့တံခါးကို ဖွင့်ပေးလိုက်တယ်။  ဆန်တာကလော့ကြီး......  ရုတ်တရက်ဆိုတော့ အံ့အားသင့်
သွားတယ်။  သေသေချာချာကြည့်မှ ``သဇင်´´  လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ ခရစ္စမတ်ပွဲကနေ လမ်းခွဲပြီး
 ပြန်ခဲ့ကြတာ ညနှစ်နာရီလဲထိုးနေပြီ။သီချင်းတွေဆိုထားကြလို့ လည်ချောင်းလည်း နာနေပြီ။ သူ တစ်ခေါက်
ပြန်ရောက် လာတယ်။ ကျောမှာလဲအထုပ်ကြီး တစ်ထုပ်နဲ့ ကစားစရာတွေ လက်ဆောင်တွေ ထည့်ထားတာ ထင်တယ်။

Thursday, December 20, 2012

သက်တော်စောင့်

ကျွန်တော် သက်တော်စောင့် ဆိုတဲ့ ဇာတ်လမ်းလေး ဖတ်ချင်ရင်တော့ ဒီမှာ ဒေါင်း လိုက်ပါဗျာ... ဒါလေးက ပထမ ပိုင်းပေါ့....။
သက်တော်စောင့်နှင့် ကျွန်တော် ဆိုပြီးတော့လည်း ဒုတိယ ပိုင်းလေး တင်ထားပါတယ်ဗျာ...။
ကျွန်တော် ကိုယ်တိုင်ရေးထားတာလေးပါ.... မပြည့်စုံခဲ့ရင် ဒါမှ မဟုတ် ကျေနပ်မှုမရှိခဲ့ရင်တော့ ကျွန်တော် ကြိုးစားဆဲမို့ ခွင့်လွှတ်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်...
                              ရွှင်လန်း ချမ်းမြေ့ကြပါစေဗျာ...

Wednesday, December 12, 2012

ကျွန်တော့်ရဲ့ညီမလေး...





                        
                         `` ညီမလေး တော်တော် ပိန်သွားပါလား၊ ဘယ်လိုဖြစ်တာလဲဟင်  နေမကောင်းဘူးလား´´
ခရီးကပြန်ရောက်ရောက်ချင်း ညီမလေးကို တွေ့လိုက်ရတာအမောဆို့သွားသလိုပါပဲ၊ စိတ်လဲတော်တော်ပူ
သွားတယ်။
                         `` ဟုတ်တယ် ကိုကိုကြီး ညီမလေး သိပ်နေမကောင်းဘူး၊ ကိုကိုကြီးကို သတိရနေတာ... ´´
                         ညှိုးငယ်နေတဲ့ မျက်နှာလေးနဲ့ ပြောလာတဲ့ ညီမလေးကို  နဖူးလေးစမ်း၊ အောက် မျက်ခမ်း
လေးကိုသွေးအားနည်းမနည်းကြည့်ပြီးတာနဲ့ ခရီးဆောင်အိတ်လေးချပြီး ရေတောင်မချိုးတော့ပဲနဲ့ချက်ချင်း
ဆေးခန်းကိုပို့လိုက်တယ်..။ ညီမလေးကတော့ သူရဲ့ ထုံးစံအတိုင်း  ``ကိုကိုကြီးရေချိုးလေ၊ ထမင်းအရင်စား၊ ပြီးမှအေးအေးဆေးဆေး သွားကြမယ်၊ စိတ်မပူနဲ့နော်´´တဲ့၊

Tuesday, November 27, 2012

အဆိပ်သင့်ခြင်း

                         ခေတ်နှင့်အညီ ဒီမိုကရေစီစနစ်အရ စာပေလွတ်လပ်ခွင့်အတွက် စာပေစိစစ်ရေးအဖွဲ့အား ဖျက်သိမ်းလိုက်ပြီးနောက်
ယခုအခါ မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ဘူးသေးသော `` ညှို့  ´´ ဟုအမည်ရသည့်   `` လိင်ပညာပေးမဂ္ဂဇင်း´´ သည်
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ထုတ်ဝေဖြန့်ချိတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
စာပေသည် နိုင်ငံကို အကျိုးပြု၏။

Tuesday, October 30, 2012

ကျွန်တော် သက်တော်စောင့် (၁)


သီတင်းကျွတ်လပြည့်နေ့ ဆိုသည်မှာ.....




              
                 မြတ်စွာဘုရားရှင် အလောင်းတော်ကို   မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့တွင် မိခင် မဟာမာယာဒေ၀ီမှ
ဖွားမြင်တော်မူခဲ့ပါသည်။
                 သက်တော် (၂၉)နှစ်အရွယ်တွင် နန်းစည်းစိမ်နှင့်တကွ အားလုံးကို စွန့်လွှတ်ကာ ဥရုဝေလ တောသို့ဝင်ခဲ့ပါသည်။
ဥရုဝေလတောတွင် ပင်ပန်း ဆင်းရဲလှသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံးကျင့်ခဲ့ပါသည်။ နောင်တွင် ထိုအကျင့်
များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဟူသော မဂ္ဂင်ရှစ်ပါးအကျင့်ကို ကိုယ်တော်တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။  ထိုမဂ္ဂင်ရှစ်ပါး.....
အကျင့်ဖြင့် ဂေါတမဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိ
တော်မူခဲ့ ပါသည်။    ဘုရားဖြစ်ပြီးနောက် -   သတ္တမ ၀ါကို တာဝတိံသာ နတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော  
သန္တုဿိတနတ်သားကိုအမှူးထားကာ တာဝတိံသာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင်
အဘိဓမ္မာ ဒေသနာ တော်ကို ရက်ပေါင်း (၉၀) ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။
                  အဘိဓမ္မာတရား ဒေသနာ တော်ကို နည်း(၃)နည်းဖြင့် ဟောကြားခဲ့ပါသည်။
                 အကျယ်နည်း -  ဗုဒ္ဓမြတ်စွာသည်မယ်တော်ကိုကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကိုသတ္တ၀ါတို့နားလည်စေလိုခြင်း၊
အဘိဓမ္မာတရားကို အစအဆုံးတထိုင်တည်း ဟောကြားလိုခြင်း၊  အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊
လူတို့သက်တမ်းနှင့်  သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက်  လူတို့ ဣရိယာပုတ်ဖြင့် ဟောသူရော နာသူပါ
မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်း ဖြစ်ပါသည်။
                  အကျဉ်းနည်း -   မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း၊ဆွမ်းစားခြင်း၊ ရေချိုး သန့်စင်
ခြင်းစသည့်ပြုဖွယ်ကိစ္စများကို ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့်ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင်  ဟိမ၀န္တာ
စန္ဒကူးတော၌ နေ့သန့်စင်(အနားယူ)တော်မူခိုက် မြတ်စွာဘုရားက အရှင်မဟာသာရိပုတ္တရာအားအဘိဓမ္မာတရားကိုအကျဉ်းချုပ်
နည်းဖြင့် ဟောတော်မူပါသည်။
                  မကျဉ်းမကျယ်နည်း -  အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာ
တို့အားမကျဉ်းမကျယ်နည်းဖြင့်ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာကတပည့်ရဟန်းငါးရားကို
ဟောကြားသော အဘိဓမ္မာဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံကာ အတည်ပြုချက် ယူ
တော်မူခဲ့ပါသည်။



                     ဤသို့ဖြင့် အဘိဓမ္မာဒေသနာတော်ကြီးသည် မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ခု
ဝါဆိုလပြည့် ကျော်(၁)ရက်မှ သီတင်းကျွတ်လပြည့် နေ့အထိ  (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း
ပေါ်ထွန်းခဲ့ပါသည်။   ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည်အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး   တာဝတိံသာနတ်ပြည်မှ  သင်္ကဿ
နဂိုရ်ပြည်သို့   သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူလာသည်ကို ရည်စူးပြီး ဘုရားရှင်အားပူဇော်သောအားဖြင့် ဆီမီး
ထွန်းကာ မီးထွန်းပွဲ ကျင်းပသောအစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင်ရှိခဲ့ပါသည်....။  ထို့အပြင် ဘုရားရှင်သည်
မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကိုဟောကြားတော်မူပြီးနောက် သီတင်းကျွတ်
လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက်  “  အဘိဓမ္မာအခါတော်နေ့ ” ဟု သမုတ်ကာ အဘိ
ဓမ္မာ ရွတ်ဖတ် ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။
                      အဘိဓမ္မာတရားတော်ကိုတစ်နေရာတည်း၌ တစ်ဆက်တည်းဟောကြားသောတရားရှည်ကြီးတစ်ပုဒ်ဖြစ်သော်
လည်း  ဟောပုံဟောနည်းအမျိုးမျိုးကိုသုံး၍ ဟောကြားထားသဖြင့်ဟောနည်းအရ ကျမ်းခုနှစ်ကျမ်း (ဓမ္မသင်္ဂဏီ, ၀ိဘင်း, ဓာတု
ကထာ, ပုဂ္ဂလပညတ်,ကထာဝတ္ထု,ယမိုက်, ပဋ္ဌာန်း)  ခွဲခြားထားပါသည်။
အဘိဓမ္မာအသင်းကြီး  ၀က်ဆိုဒ်မှ.....



                     သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့ပွဲများကတော့-  ပ၀ါရဏာပွဲ။  ပ၀ါရဏာရဲ့ အဓိပ္ပါယ်မှာ  ဖိတ်ကြား
ခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်းတို့ဖြစ်လေသည်။   သာသနာ့ဝန်ဆောင် ရဟန်းတော်များသည် ၀ါကျွတ်သည်နှင့် သီတင်း
ကျွတ် လပြည့်နေ့တွင်  `` အရှင် ဘုရားတို့..... တပည့်တော်သည် သံဃာကို ဖိတ်ကြားပါဧ။်။  တပည့်တော်ဧ။် အပြစ်ကို မြင်ခြင်း
ကြောင့်သော်လည်းကောင်း၊ ကြားခြင်းကြောင့်သော်လည်းကောင်း၊ သံသယရှိလျှင်သော်လည်းကောင်းတပည့်တော်အားသနား
သောအားဖြင့် ပြောဆို သတိပေးကြပါ။  အပြစ်ကို ကုစားပါ မည် " ဟု  ဖိတ်ကြားတိုက်တွန်းပြီး ရဟန်းများကမိမိရဲ့အပြစ်များကို
အခြားတစ်ပါးထံတွင် မိမိ၏သဘောဆန္ဒအလျောက်ဖွင့်ဟပြောဆိုပြီးဝန်ချတောင်းပန်ကြသလိုသာသနာတော်သန့်ရှင်းတိုးတက်
ရေးအတွက် အပြုသဘောဆောင်ပြီး ဝေဖန်သုံးသပ်ကြသည့်ပွဲလည်းဖြစ်ပေသည်။ အလွန်ပင် ဒီမိုကရေစီနည်းလမ်းကျန၍စည်း
စနစ် ကောင်းလှသော ပွဲပါပေ။ 


                       မီးမြင့်မိုရ်ပွဲ။   သီတင်းကျွတ် လပြည့်ညတွင်နတ်ပြည်မှလူ့ပြည်ကို ဆင်းသက်လာရာတွင်လပြည့်ဝန်းနှင့်အတူ

ကောင်းကင်တွင် တင့်တယ်စွာဖူးမြင်ရသော မြတ်စွာဘုရားရှင်အား နတ်လူအများက ပူဇော်သည့်အနေဖြင့် ဆီမီးများဖြင့် ပူဇော်
ခြင်း အထိမ်းအမှတ် အနေဖြင့် အိမ်၊ ကျောင်း၊ တန်ဆောင်းများတွင် ဆီမီး၊မီးပုံးများထွန်းညှိပူဇော်ကြသလိုဘုရားစေတီများတွင်
လည်း ဆီမီးပူဇော်ပွဲများ ပြုလုပ်ပြီးမီးမြင့်မိုရ်ပွဲများ ကျင်းပကြပါသည်။ ပုဂံမြို့  ၊ မြင်းကပါ  ဂူပြောက်ကြီးဘုရား   ပန်းချီကားတွင်
ဗုဒ္ဓမြတ်စွာဘုရား  တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့   သက်ဆင်းပုံပန်းချီကို တွေ့ရှိရသည့်အတွက်  မီးမြင့်မိုရ်ပွဲကို ပုဂံခေတ်
တည်းက ကျင်းပခဲ့သည်ဟု ယူဆနိုင်ပေသည်။
                      ဘုရားပွဲတော်။  နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီးပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများစသည်တို့ကိုလည်း  မြန်မာ
နိုင်ငံ တ၀ှမ်းတွင် ကျင်းပလေ့ရှိကြသည်မှာ ယနေ့တိုင် ဖြစ်လေသည်။
                       သီတင်းကျွတ်လကို တူရာသီဟုခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ်ထွန်းပလေသည်။  ထိုမျှမက  ၁၂လ ရာသီ